Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

H1: အချက်အလက်တွေအရ အရောင်းရဆုံးအယ်လ်ဘမ်ဖြစ်နေတဲ့ BTS ရဲ့ ‘You Never Walk Alone’

Fri, Jul 14 2017

SEOUL၊ ဇူလိုင်လ (7) ရက် (Yonhap) – K-pop အဖွဲ့ဖြစ်တဲ့ BTS ရဲ့ “Wings: You Never Walk Alone” ဟာ (2017) ခှုနှစ် ပထမနှစ်ဝက်မှာ အရောင်းရဆုံးနံပါတ် (1) အယ်လ်ဘမ်ဖြစ်နေတယ်လို့ သီချင်းရောင်းချရမှု စုံစမ်းသူထံကနေ ဇူလိုင်လ (7) ရက်နေ့မှာ သိရှိရပါတယ်။

ဖေဖော်ဝါရီလမှာထွက်ရှိခဲ့တဲ့ အဆိုပါအယ်လ်ဘမ်ဟာ ဇန်နဝါရီလ-ဇွန်လအတောအတွင်းမှာ ကော်ပီပေါင်း (728,417) ရောင်းချထားရတယ်လို့ Gaon Chart အရသိရပါတယ်။

GOT7 ရဲ့ “Flight Log: Arrival” ကတော့ (331,571) နဲ့ဒုတိယနေရာ၊ Seventeen ရဲ့ “Al1” နဲ့ TWICE ရဲ့ “TWICEcoaster. Lane 2” တို့က (317,421) နဲ့ (279,814) အဖြစ် အသီးသီးရပ်တည်နေလျှက်ရှိပါတယ်။

BTS အတွက် ၎င်းတို့အဖွဲ့ရဲ့ဂျပန် single “Blood, Sweat, Tears” ဟာပထမနှစ်ဝက်မှာတင်ပဲ ဂျပန်နိုင်ငံမှာ ကော်ပီပေါင်း (257,621) ရောင်းချခဲ့ရတယ်လို့ နိုင်ငံရဲ့ Oricon Chart ကနေ သိရပါတယ်။ Single အယ်လ်ဘမ်ရောင်းချရမှုမှာ နံပါတ် (11) နေရာကိုရောက်လာခဲ့တဲ့ BTS ဟာ ခြောက်လအတွင်း ဂျပန်နိုင်ငံမှာ အများဆုံးရောင်းချခဲ့ရတဲ့ တိုင်းတစ်ပါးသားအနုပညာရှင်ဖြစ်ပါတယ်။

BTS ဟာ လတ်တလောမှာ K-pop ရဲ့ အရှိန်အဝါကြီးမားတဲ့အနုပညာရှင် Seo Tai-ji ရဲ့ ပွဲဦးထွက်ခြင်း (25) နှစ်ပြည့် နှစ်ပတ်လည်ကိုကျင်းပဖို့စီစဉ်နေတဲ့ အထူးပရောဂျက်မှာပါဝင်သွားခဲ့ပါတယ်။ BTS ဟာ အဆိုတော်ရဲ့ (1995) ဂန်းစတား-ရက်ပ် သီချင်းကို ပြန်လည်ပြုလုပ်ထားတဲ့ “Come Back Home” ကို ယခုတစ်ပါတ်အစော ပိုင်းမှာပဲ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

odissy@yna.co.kr

Provided by Yonhap News.