Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လာမယ့်အပတ်မှာ တတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမယ့် SHINee အဖွဲ့က Taemin

Fri, Jul 14 2017

SEOUL၊ ဇူလိုင်လ (11) ရက် (Yonhap) – အမျိုးသားအဆိုတော်အဖွဲ့ SHINee ရဲ့ Taemin ဟာ သြဂုတ်လမှာ တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ တစ်ကျော့ပြန်လာမှာဖြစ်တယ်လို့ သိရပါတယ်။

“Taemin ဟာ လာမယ့်လမှာ တစ်ကိုယ်တော်သီဆိုမှုအဖြစ် သူရဲ့တတိယမြောက်အယ်လ်ဘမ် ထွက်ရှိတော့ မှာဖြစ်ပါတယ်” လို့ S.M. Entertainment က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ “အဲ့ဒီအယ်လ်ဘမ် ကတော့ (1) နှစ်ခွဲကာလအတွင်းထွက်ရှိတဲ့ သူ့ရဲ့ပထမဦးဆုံးအယ်လ်ဘမ်ဖြစ်လာမှာပါ။”

ဒါပေမယ့် အေဂျင်စီဟာ အယ်လ်ဘမ်ထွက်မယ့်ရက်အတိအကျကိုတော့ ပြောကြားသွားခြင်းမရှိပါဘူး။

အဆိုတော်ကတော့ သူရဲ့အယ်လ်ဘမ်ထွက်လာမယ့်နေ့နဲ့တိုက်ပြီးတော့ သြဂုတ်လ (26) ရက်ကနေ (27) ရက် နေ့အထိ Seoul အရှေ့တောင်ပိုင်း၊ Olympic Park မှာရှိတဲ့ Olympic Hall မှာ သူ့ရဲ့မိခင်နိုင်ငံအတွင်း ပထမဦးဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပသွားဖို့ရှိပါတယ်။

“Off-sick” လို့အမည်ရတဲ့ဖျော်ဖြေပွဲမှာ Taemin ဟာ သူ့ရဲ့နာမည်ကြီးသီချင်းတွေအပြင် အယ်လ်ဘမ်အသစ် ထဲကသီချင်းတွေနဲ့ သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ထဲက လူသိနည်းသေးတဲ့သီချင်းတွေကို သီဆိုဖျော်ဖြေ သွားမှာဖြစ်ပါတယ်။

ဂျပန်မှာကျင်းပတဲ့ သူ့ရဲ့ပထမဦးဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပရိသတ်ပေါင်း (28,000) နဲ့အတူ ဇူလိုင်လ (1) ရက်နဲ့ (2) ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လာမယ့် ဇူလိုင်လ (18) ရက်နေ့မှာတော့ သူ့ရဲ့ဒုတိယ မြောက်ဂျပန် EP “Flame of Love” ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

S.M. Entertaimnet ကနေထုတ်ပြန်တဲ့ သြဂုတ်လ (26) ရက်နှင့် (27) ရက်တို့မှာ Seoul မြို့အရှေ့တောင် ဘက်မှာရှိတဲ့ Olympic Park မှာ ကျင်းပမယ့် Taemin ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အရောင်း မြှင့်တင်ရေးပိုစတာပုံ (Yonhap)

sshim@yna.co.kr

Provided by Yonhap News.