Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဂျပန်နိုင်ငံရဲ့မြို့သုံးမြို့ကိုသွားရောက်မယ့်ခရီးစဉ်ကိုစတင်လိုက်တဲ့ VIXX

Mon, Jul 17 2017

SEOUL၊ ဇူလိုင်လ (11) ရက် (Yonhap) – အမျိုးသားအဖွဲ့ VIXX ဟာ ဂျပန်နိုင်ငံရဲ့မြို့သုံးမြို့မှာ ဖျော်ဖြေပွဲ ကျင်းပဖို့အတွက် ဇူလိုင်လ (11) ရက်နေ့မှာ ထွက်ခွာတော့မှာဖြစ်တယ်လို့ ၎င်းရဲ့စီမံခန့်ခွဲမှုအေဂျင်စီမှပြောကြား ခဲ့ပါတယ်။

အဆိုပါနေ့တွင် Nagoya ၌စတင်ဖျော်ဖြေမည်ဖြစ်ကာ စနေနေ့တွင် Tokyo ၌ဆက်လက်ဖျော်ဖြေမည်ဖြစ်ပြီး Osaka တွင် ဇူလိုင် (23) နှင့် (24) ၌ ဖျော်ဖြေမည်ဖြစ်ကြောင်း Jellyfish Entertainment မှ ပြောကြားခဲ့ပါတယ်။

အဆိုပါခရီးစဉ်ဟာ VIXX V Festival ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းတို့ရဲ့ပွဲဦးထွက်ခြင်း ငါးနှစ်မြောက်နဲ့ လေးခွေမြောက် EP အယ်လ်ဘမ် “Shangri-La” ထွက်ရှိခြင်းအမှတ်အသားဖြစ်တယ်လို့ အေဂျင်စီထံမှ သိရှိရ ပါတယ်။

ခရီးစဉ်အတွင်းမှာ အဖွဲ့ဝင်တွေဟာ ဂျပန်နိုင်ငံရဲ့ Oricon music chart တွေကို သိမ်းပိုက်သွားတဲ့ အဖွဲ့ရဲ့ပထမဦး ဆုံး full-length အယ်လ်ဘမ်ရဲ့ ခေါင်းစီးသီချင်းဖြစ်တဲ့ “Depend on Me” ကို ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး ၎င်း တို့ရဲ့လူကြိုက်များလှတဲ့ ဂျပန်ဘာသာစကားနဲ့ဆိုထားတဲ့သီချင်းတွေကိုလည်း ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်ပြီးတဲ့နောက် အဖွဲ့အနေနဲ့ ဇူလိုင်လ (27) ရက်နေ့မှာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ပရိသတ် တွေ့ဆုံပွဲခရီးစဉ်စတင်သွားမှာပဲဖြစ်ပါတယ်။

Jellyfish Entertainment ကနေထုတ်ပြန်တဲ့ VIXX ရဲ့ (2017) ခုနှစ် ဂျပန်နိုင်ငံခရီးစဉ်အတွက် အရောင်းမြှင့်တင်ရေးပိုစတာ (Yonhap)

sshim@yna.co.kr

Provided by Yonhap News.