Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အဖွဲ့ဝင်အရေအတွက်နည်းနည်းနဲ့ တစ်ကျော့ပြန်လာတဲ့ Super Junior

Mon, Jul 17 2017

SEOUL၊ ဇူလိုင်လ (10) ရက် (Yonhap) – K-pop အမျိုးသားအဖွဲ့ Super Junior ဟာ အဖွဲ့ဝင် အရေအတွက်နည်းနည်းနဲ့အတူ အောက်တိုဘာလမှာ K-pop ဂီတနယ်ပယ်ထဲကို တစ်ကျော့ပြန်ဝင်ရောက် လာတော့မှာဖြစ်တယ်လို့ ၎င်းတို့ရဲ့အေဂျင်စီက ဇူလိုင်လ (10) ရက်နေ့မှာပြောကြားခဲ့ပါတယ်။

နဂိုက အဖွဲ့ဝင် (11) ယောက်ပါဝင်အဖွဲ့ကို Leeteuk၊ Heechul၊ Shindong၊ Yesung၊ Eunhyuk၊ Donghae၊ Siwon တို့အဖွဲ့ဝင်ခုနှစ်ယောက်နဲ့ ပြန်လည်ဖွဲ့စည်းထားကြောင်း အဆိုပါကမ္ဘာနဲ့အဝှမ်းထင်ရှားကျော်ကြားတဲ့ K-pop အဖွဲ့အတွက် S.M Entertainment ကသီးသန့်ဖွဲ့စည်းပေးထားတဲ့အထူးအဖွဲ့ Label SJ ကပြောကြား ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Eunhyuk၊ Donghae နဲ့ Siwon တို့ဟာ စစ်မှုထမ်းဆောင်နေပြီး Eunhyuk နဲ့ Donghae တို့ဟာဒီလမှာ စစ်မှုထမ်းကာလပြီးမြောက်ကာ Siwon ကတော့ နောက်လမှာစစ်မှုထမ်းကာလပြီးမြောက်ပြီး မကြာမီမှာ တပ်ထဲကထွက်လာကြဖို့ မျှော်လင့်ရပါတယ်။ ၎င်းတို့ရဲ့တပ်ဖွဲ့အသီးသီးကနေ ထွက်ခွာလာတာနဲ့ တပြိုင်နက် အဆိုပါအဖွဲ့ဟာ အယ်လ်ဘမ်အသစ်ကို သီချင်းစသွင်းတော့မှာဖြစ်တယ်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

မပါဝင်ကြတဲ့အဖွဲ့ဝင်လေးယောက်ထဲမှာ Kangin ဟာ ပြီးခဲ့တဲ့နှစ်က သောက်စားပြီး ကားမောင်းခဲ့တဲ့အတွက် အဖမ်းခံရပြီးတဲ့နောက် အဖွဲ့ရဲ့လှုပ်ရှားမှုတွေကနေ အချိန်အတော်ကြာတိမ်းရှောင်နေတယ်လို့ ယူဆရပါတယ်။ ပရိသတ်တွေနဲ့အဆက်ပြတ်နေတာကြောင့်ဝေဖန်ခံရတဲ့ Sungmin ကတော့ လူမြင်ကွင်းကနေ တိမ်းရှောင် နေတုန်းပဲဖြစ်ပါတယ်။ Ryeowook နဲ့ Kyuhyun တို့ကတော့ သူတို့ရဲ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေ ကြဆဲဖြစ်ပါတယ်။

ကိုရီးယားမှာ ကြံ့ခိုင်သန်စွမ်းတဲ့အမျိုးသားတိုင်းဟာ စစ်မှုထမ်းတာဝန်ကို နှစ်နှစ်ဝန်းကျင် မဖြစ်မနေ ထမ်းဆောင်ကြရပါတယ်။

အဆိုပါအဖွဲ့ဟာ အောက်တိုဘာလမှာ အယ်လ်ဘမ်အသစ်ထုတ်လုပ်ဖို့စီစဉ်ထားပေမယ့် ရက်စွဲအတိအကျ ကိုတော့မဆုံးဖြတ်ရသေးကြောင်း အေဂျင်စီကဆိုပါတယ်။

၎င်းတို့ရဲ့အထူးအယ်လ်ဘမ် “Devil” ကိုအရောင်းမြှင့်တင်ဖို့အတွက် (2015) ခုနှစ်၊ ဇူလိုင်လ (15) ရက်နေ့၊ Seoul မြို့မှာကျင်းပပြုလုပ်တဲ့ မီဒီယာမိတ်ဆက်ပွဲအတွက် ကိုယ်ဟန်ပြနေတဲံ တောင်ကိုရီးယားအမျိုးသားအဖွဲ့ Super Junior (Yonhap)


jaeyeon.woo@yna.co.kr

Provided by Yonhap News.