Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

TV popularity chart မှာ ဆက်လက်ဦးဆောင်နေတဲ့ ‘Fight For My Way’

Tue, Jul 18 2017

SEOUL၊ ဇူလိုင်လ (11) ရက် (Yonhap) – ဇူလိုင်လ (11) ရက်နေ့က ဖော်ပြတဲ့အချက်အလက်တွေအရ KBS 2TV ရဲ့ “Fight For My Way” အစီအစဉ်ဟာ TV popularity အညွှန်းတွေမှာ ဒုတိယအပတ်ထိ ဆက်လက် ဦးဆောင်နေခဲ့တယ်လို့ သိရှိရပါတယ်။

Park Seo-Joon နဲ့ Kim Ji-won တို့ သရုပ်ဆောင်ထားပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသတဲ့ ဒရာမာဇာတ်လမ်းတွဲဟာ Content Power Index (CPI) ပေါ်မှာ ရမှတ်ပေါင်း (279.1) မှတ်ရရှိထားပြီး ဇွန်လ (26) ရက်ကနေ ဇူလိုင်လ (2) ရက်နေ့အတွင်း လူကြိုက်အများဆုံး TV အစီအစဉ်ဖြစ်လာပါတယ်။

KBS 2TV ရဲ့ဒရာမာဇာတ်လမ်းတွဲ “Fight For My Way” မှ ဇာတ်ဝင်ခန်းတွေကို ပေါင်းစပ်ထားတဲ့ပုံ (Yonhap)

<ေp>ဖျာ်ဖြေရေးကုမ္ပဏီဖြစ်တဲ့ CJ E&M နဲ့ Nielsen Korea တို့တီထွင်ရေးသားတဲ့ CPI ဟာ ဆက်စပ်သတင်း အသစ်တွေ၊ အွန်လိုင်းရှာဖွေမှုအကြိမ်ရေနဲ့ လူမှုကွန်ယက်ပေါ်မှာရေပန်းစားမှုတွေပေါ်အခြေခံပြီး TV အစီအစဉ် တွေရဲ့လူကြိုက်များမှုကိုတိုင်းတာတာ ဖြစ်ပါတယ်။

အဆိုလူငယ်အချစ်ဟာသဇာတ်လမ်းတွဲဟာ သူတို့ရဲ့သူလိုငါလိုသာမန်ဘဝအခြေအနေကြောင့် “အရမ်းကြီး မပြည့်စုံသေးတဲ့ဘဝအခြေအနေ” ဖြစ်နေပေမယ့် သူတို့ရဲ့အကောင်အထည်မပေါ်သေးတဲ့စိတ်ကူးအိပ်မက်တွေ ကိုနားလည်သဘောပေါက်လာဖို့အတွက် နောက်ပိုင်းမှာကြိုးစားလာကြတဲ့ အရွယ်ရောက်ပြီးသားလူငယ်လေးဦး အကြောင်းကိုအဓိကထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကတော့ Mnet ရဲ့လူရွေးပွဲရှိုး “Produce 101” ရဲ့ဒုတိယအပိုင်းက သုံးလနီးပါးကြာအောင် စိုးမိုးထားတာကို အဆုံးသတ်စေခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကနေစပြီး ထိပ်ဆုံးမှာရပ်တည်နေခဲ့ပါတယ်။

Mnet ရဲ့ တခြားလူရွေးပွဲအစီအစဉ်တွေဖြစ်တဲ့ “Show Me the Money 6” ဟာ (238.8) မှတ်နဲ့ နံပါတ် (2) နေရာမှာရပ်တည်နေခဲ့ပြီး အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုအများကြီး ရရှိထားခဲ့ပါတယ်။

TvN ရဲ့ဟာသ အစီအစဉ် “Journey to the West 4” ကတော့ (233.7) မှတ်နဲ့ တတိယနေရာမှာရပ်တည်နေ ပြီး ရမှတ်ပေါင်း (229.5) မှတ်ရထားတဲ့ SBS TV ရဲ့လက်တွေ့သီချင်းဆိုပြိုင်ပွဲအစီအစဉ် “Fantastic Duo” ဒုတိယအပိုင်းကတော့ နောက်ကနေကပ်လိုက်နေပါတယ်။

MBC TV ရဲ့ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ ဒရာမာဇာတ်လမ်းတွဲ “Ruler. Master of the Mask” က ရမှတ်ပေါင်း (223.4) မှတ်နဲ့ ပဉ္စမနေရာဆီကို (13) ဆင့်ခုန်တက်လာပြီး၊ MBC TV ရဲ့ကာလရှည် ထုတ်လွှင့်ပြသနေတဲ့ စနေနေ့ဟာသအစီအစဉ် “Infinite Challenge” ကတော့ အဆိုပါဇာတ်လမ်းတွဲရဲ့နောက်မှာရပ်တည်နေတာ ဖြစ်ပါတယ်။

sshim@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။