Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စစ်မှုထမ်းဆောင်ဖို့တပ်ထဲဝင်သွားပြီဖြစ်တဲ့ အဆိုတော်-သရုပ်ဆောင်မင်းသား Im Si-wan

Tue, Jul 18 2017

SEOUL၊ ဇူလိုင်လ (11) ရက် (Yonhap) – ZE:A အဖွဲ့ဝင်လည်းဖြစ်တဲ့ သရုပ်ဆောင်မင်းသား Im Si-wan ဟာ စစ်မှုထမ်းဆောင်ဖို့အတွက် ဇူလိုင်လ (11) ရက်နေ့မှာ တပ်ထဲဝင်သွားခဲ့ပြီး အဖွဲ့ဝင်ကိုးဦးပါအဖွဲ့ထဲမှာ စစ်မှုထမ်း ဆောင်ခြင်းစတင်ခဲ့တဲ့ ငါးဦးမြောက်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

၎င်းဟာ Seoul မြို့မြောက်ဘက် Yangju မှာရှိတဲ့လေ့ကျင့်ရေးစခန်းမှာ အခြေခံသင်တန်း ငါးပတ်ကြာ လေ့ကျင့်သင်ကြားဖို့ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ စခန်းကိုမဝင်ရောက်မီ ၎င်းဟာ ပရိသတ်တွေကို နှုတ်ဆက်ဖို့အတွက် အနီးအနားမှာရှိတဲ့ခန်းမတစ်ခုမှာ အကျဉ်းချုံးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ၎င်းကိုတွေ့ဆုံဖို့ ပရိသတ်ပေါင်း (200) လောက် စုရုံးရောက်ရှိခဲ့ကြပါတယ်။

အဆိုတော်-သရုပ်ဆောင်မင်းသား Im Si-wan ပုံ (Yonhap)

“ကျွန်တော်ဒီနေ့ဆံပင်ညှပ်ရတော့မယ်” လို့ Im က ပွဲမှာပြောကြားခဲ့ပါတယ်။ “အချိန်အတော်ကြာနှောင့်နှေးနေ တဲ့အိမ်စာကို ပြီးအောင်လုပ်လိုက်ရသလို ခံစားမိပါတယ်။ ကျွန်တော် ဘေးကင်းကင်းနဲ့ပြန်လာခဲ့ပါမယ်” လို့ Im က ပြောကြားခဲ့ပါတယ်။

ရေပန်းစားကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ ZE:A ရဲ့အဖွဲ့ဝင်အဖြစ် (2010) ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တဲ့ အသက် (28) နှစ်အရွယ်ငွေကြယ်ပွင့်ဟာ “The Moon Embracing the Sun”၊ “Misaeng (Incomplete Life)”၊ “The Attorney”၊ “A Melody to Remember” နှင့် “One-Line” တို့လို TV စီးရီးအမျိုးမျိုးနဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မှုခင်း-အက်ရှင်ဇာတ်ကားသစ် “The Merciless” ရဲ့တွဲဖက်ငွေကြယ်ပွင့်အနေနဲ့ ယခုနှစ် Cannes Film Festival ရဲ့ ဆုချီးမြှင့်ပွဲနဲ့မပတ်သက်တဲ့ကဏ္ဍကို တက်ရောက်ဖို့ မေလမှာ ဖိတ်ကြားခံခဲ့ ရပါတယ်။

လတ်တလောမှာလည်း သူဟာ MBC TV ရဲ့ ဇူလိုင်လ (17) ရက်နေ့မှာ အကြိုပြသမယ့် စိတ်ကူးယဉ် ခေတ်နှောင်းဒရာမာဇာတ်ကား “The King Loves” ကိုရိုက်ကူးပြီးစီးထားပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းတဲ့အမျိုးသားတိုင်းဟာ နှစ်နှစ်ကြာစစ်မှုထမ်းဆောင်ခြင်းကို ပြီးမြောက်ဖို့လိုအပ်ပါတယ်။

sshim@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။