Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

‘နောက်ကျနေပေမယ့်လည်း စစ်မှုထမ်းရတာ ပျော်ဖို့ကောင်းမှာပါ’ လို့ဆိုတဲ့ သရုပ်ဆောင်မင်းသား Ji Chang-wook

Fri, Jul 21 2017

SEOUL၊ ဇူလိုင်လ (11) ရက် (Yonhap) – မကြာခင်ထမ်းဆောင်ရတော့မယ့် သူရဲ့စစ်မှုထမ်းတာဝန်ကို တာဝန်ကျေပွန်စွာနဲ့ ဘေးကင်းစွာထမ်းဆောင်ပြီးပါက၊ ရုပ်ရှင်ဇာတ်လမ်းကြီးတွေရော၊ ဇာတ်လမ်းတိုတွေမှာပါ ပြန်လည်သရုပ်ဆောင်သွားမှာပါလို့ မင်းသား Ji Chang-wook က ဇူလိုင်လ (18) ရက်နေ့က ဆိုပါတယ်။

“SBS TV ရဲ့ ဗုဒ္ဓဟူးနေ့နဲ့ - ကြာသပတေးနေ့ ဇာတ်လမ်းတွဲ “Suspicious Partner” ရိုက်ကူးမှုပြီးဆုံးကြောင်း ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ သြဂုတ်လ (14) ရက်နေ့ဟာ သူစစ်မှုထမ်းစတင်ရမယ့်နေ့ဖြစ်တယ်လို့ဆိုရင်း “ကျွန်တော်စစ်မှုစထမ်းတာ တော်တော်လေးတောင် နောက်ကျနေပါပြီ” လို့ Ji ကဆိုပါတယ်။ ဒါပေမယ့် စစ်တပ် ထဲမှာ (ကျွန်တော့်အရင်ကဝင်ခဲ့တဲ့လူတွေထက်) တာဝန်ကျေကျေပွန်ပွန်နဲ့ ကျန်းကျန်းမာမာပျော်ပျော် ရွှင်ရွှင်တာဝန်ထမ်းဆောင်ပြီးရင်တော့ ကျွန်တော်ပြန်လာမှာပါ။

Glorious Entertainment ကထုတ်ပြန်တဲ့ မင်းသား Ji Chang-wook ရဲ့ရက်စွဲမဖော်ပြထားတဲ့ဓာတ်ပုံ (Yonhap)

ကိုရီုးယားနိုင်ငံမှာ ကိုယ်ခန္ဓာအင်္ဂါကြံ့ခိုင်သန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ နှစ်နှစ်နီးပါး စစ်မှုထမ်းတာဝန် ထမ်းဆောင်ရပါတယ်။

အဆိုပါမင်းသားဟာ No နဲ့တရားဥပဒေရေးရာသင်တန်းသား Eun Bong-hee (Nam Ji-hyun) တို့ကြားက အချစ်ဇာတ်လမ်းအကြောင်းကို ဖော်ညွှန်းရိုက်ကူးထားပြီး မကြာခင်ကမှရိုက်ကူးမှုပြီးစီးထားတဲ့ TV ဇာတ်လမ်းတွဲ မှာ No Ji-wook လို့အမည်ရတဲ့ အောင်မြင်တဲ့ တရားလိုရှေ့နေတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

“အဲ့ဒီဇာတ်ကားက ကျွန်တော့်ရဲ့ပထမဆုံး အချစ်၊ ဟာသ၊ ဒရာမာနဲ့ စစ်မှုမထမ်းခင် ကျွန်တော်ရဲ့ နောက်ဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အတွက် တော်တော်လေးအဓိပ္ပါယ်ရှိပါတယ်၊” လို့ပြောကြားခဲ့ ပါတယ်။

ဒရာမာဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ရတာကို အင်မတန်ကြိုက်နှစ်သက်ပြီး အစီအစဉ်ပြီးစီးသွားတဲ့အတွက် ပျော်တာရော၊ ဝမ်းနည်းတာကိုပါ ရောထွေးခံစားနေရပါတယ်လို့ အဆိုပါကြယ်ပွင့် သရုပ်ဆောင်ကပြောပါတယ်။

တရားလိုရှေ့နေဇာတ်ကောင်က သူရဲ့အပြင်လောကမှာနေထိုင်တဲ့ပုံစံနဲ့ တော်တော်လေးကွာဟလွန်းပါတယ်၊ ဒါပေမယ့် စကားပြောဆိုပုံနဲ့ အမူအရာတွေကတော့ တော်တော်လေး ဟန်ပန်အမူအရာတူပါတယ်လို့ ၎င်းက ပြောပါတယ်။

သရုပ်ဆောင်အလုပ်တွေအများကြီးလုပ်ထားပြီး အခုပင်ပန်းနေတဲ့အတွက်ကြောင့် တတ်နိုင်သမျှ သူ့မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ပဲ အချိန်တွေကုန်ဆုံးလိုပြီး စစ်မှုထမ်းရမယ့်ရက်မတိုင်ခင်အထိ ခရီးသွားလိုပါတယ်လို့ Ji က ဆိုပါတယ်။

ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့မှာ ပရိသတ်အများအပြားရရှိထားတဲ့ အသက် (30) အရွယ်အနုပညာကြယ်ပွင့်က သူရဲ့စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက်မှာ ဖျော်ဖြေမှုတွေပိုမိုပေးစွမ်းပြီး ပိုကောင်းမွန်တဲ့အလုပ်တွေနဲ့အတူ ပြန်လာခဲ့ပါမယ်လို့ ကတိပေးထားပါတယ်။

sshim@yna.co.kr

Provided by Yonhap News.