Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဒရာမာဇာတ်ကားရိုက်ကွင်းပေါ်မှာ ထိခိုက်ဒဏ်ရာရသွားတဲ့ JYJ ရဲ့ Kim Jae-joong

Mon, Jul 24 2017

SEOUL၊ ဇူလိုင်လ (18) ရက် (Yonhap) – အမျိုးသားတေးဂီတအဖွဲ့ JYJ မှ Kim Jae-Joong ဟာ TV စီးရီး အသစ်ကိုရိုက်ကူးနေစဉ်အတွင်း သူ့ရဲ့ဘယ်ဘက်လက်မမှာ ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ၎င်းရဲ့အေဂျင်စီက ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင်၊ မင်းသားဖြစ်သူဟာ KBS 2TV ရဲ့ ဗုဒ္ဓဟူး-ကြာသပတေး ဒရာမာဇာတ်ကား “Man-Hole” ရဲ့ ရိုက်ကွင်းမှာ ဇူလိုင်လ (17) ရက်နေ့ညက ဖန်ပုလင်းနဲ့လက်ညပ်သွားခဲ့တာဖြစ်တယ်လို့ C-JeS Entertainment ကပြောကြားခဲ့ပါတယ်။

Kim ရဲ့ဒဏ်ရာကို ဆရာဝန်ကချုပ်ပေးခဲ့ရပြီး ရိုက်ကွင်းကနေ တစ်ရက်အနားယူခဲ့ရတာဖြစ်ပါတယ်။

“အဲဒါက ဒဏ်ရာသေးသေးလေးမဟုတ်ပေမယ့်လည်း Kim ရဲ့ သရုပ်ဆောင်ရတဲ့အပိုင်းက ကြီးမားလွန်းတာ ကြောင့် တစ်ရက်ထက်ပိုပြီးအနားယူခဲ့ရတာပါ” လို့ အေဂျင်စီကပြောကြားခဲ့ပြီး သူဟာ ဆရာဝန်ဆီကို ခဏလောက်ကြာတဲ့အထိ နေ့တိုင်းသွားဖို့လိုပါတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

စိတ်ကူးယဉ်ဟာသဒရာမာဇာတ်ကားကို ရေဆိုးမြောင်းထဲပြုတ်ကျတဲ့ အလုပ်လက်မဲ့တစ်ဦးဖြစ်သူ Bongphil အကြောင်းကို ဇာတ်အိမ်တည်ထားပြီး Kim က အဆိုပါဇာတ်ရုပ်ကိုသရုပ်ဆောင်ထားပါတယ်။ ဒရာမာဇာတ်ကား ဟာ နောက်လမှာ “Queen for Seven Days” ကို အနိုင်ရတော့မှာပဲဖြစ်ပါတယ်။

Kim ဟာ ဒီဇင်ဘာလက စစ်မှုထမ်းဆောင်မှုပြီးဆုံးခဲ့ပြီး စီးရီးအသစ်ဟာ နှစ်နှစ်အတွင်းမှာ သူရဲ့ဖန်သားပြင်ပေါ် တရားဝင်ပြန်လည်ထွက်ပေါ်လာမှုကို အတည်ပြုတဲ့အမှတ်အသားပဲဖြစ်ပါတယ်။

JYJ အဖွဲ့ဝင် Kim Jae-joong ပုံ (Yonhap)

jaeyeon.woo@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။