Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အယ်ဘ်ဘမ်အသစ်နဲ့ ကမ္ဘာကြီးကိုကုစားပေးပြီး သင့်မြတ်အောင်လုပ်ပေးချင်တဲ့ EXO

Mon, Jul 24 2017

SEOUL၊ ဇူလိုင်လ (18) ရက် (Yonhap) – ကိုရီးယားပေါ့ပ်သမိုင်းအတွက် စာမျက်နှာသစ်တစ်ခုဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ပြီး K-pop အမျိုးသားအဆိုတော်အဖွဲ့ EXO ဟာ အယ်လ်ဘမ်အသစ် “The War” နဲ့ပြန်လည်ထွက်ပေါ် လာခဲ့ပါတယ်။

Full-length အယ်လ်ဘမ်အသစ်ထွက်ရှိမှုအမှတ်အသားအနေနဲ့ ဆိုးလ်အရှေ့ပိုင်းမှာရှိတဲ့ Grand Walkerhill ဟိုတယ်မှာ ဇူလိုင်လ (18) ရက်နေ့က မိတ်ဆက်ပွဲမလုပ်မီ အဖွဲ့ရဲ့စီမံခန့်ခွဲမှုအေဂျင်စီဖြစ်တဲ့ S.M. Entertainment က အယ်လ်ဘမ်အသစ်အတွက်ကော်ပီအချပ်ရေပေါင်း 807,234 ချပ် ကြိုတင်မှာယူမှုတွေ ရရှိထားကြောင်းပြောကြားခဲ့ပြီး ဒီလိုမှာယူမှုဟာ နာမည်ကျော်တေးဂီတအဖွဲ့ရဲ့ပြန်လည်ပေါ်ထွက်လာမှုအတွက် ပရိသတ်တွေအနေနဲ့ ဘယ်လောက်တောင်စိတ်လှုပ်ရှားနေလဲဆိုတာ ပြသနေတာဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

ယခင်ကထွက်ရှိခဲ့တဲ့အယ်လ်ဘမ်သုံးခုဟာ ကော်ပီအချပ်ရေပေါင်း (1) မီလီယံကျော်ရောင်းချခဲ့ရပြီး ယခု လေးခွေမြောက်အယ်လ်ဘမ်အတွက် ကြိုတင်မှာယူမှုပမာဏဟာလည်း အခုထက်ထိအများဆုံးပဲဖြစ်ပါတယ်။

(2017) ခုနှစ်၊ ဇူလိုင်လ (18) ရက်နေ့၊ ဆိုးလ်မြို့မှာရှိတဲ့ Grand Walkerhill ဟိုတယ်မှာ လေးခွေမြောက် အယ်လ်ဘမ် “The War” အတွက် မိတ်ဆက်ပွဲအတွင်း ကင်မရာကိုကိုယ်ဟန်ပြနေတဲ့ K-pop အမျိုးသား အဆိုတော်အဖွဲ့ EXO (Yonhap)

ယခုလအစောပိုင်းမှာ “SM Town Live World Tour VI” ဖျော်ဖြေပွဲအတွက် စုဝေးကြတဲ့ ပရိသတ်ပေါင်း (45,00) အနက် တစ်ဝက်ကျော်ဟာ EXO အဖွဲ့ရဲ့ သင်္ကေတအရောင်ဖြစ်တဲ့ အဖြူရောင်လက်နေတဲ့တုတ်တံတွေ ကို ဝှေ့ယမ်းပြီး အဖွဲ့ရဲ့ပရိသတ်ဖြစ်သွားခဲ့ကြပါတယ်။

“သုံးမီလီယံရောင်းချခဲ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်” လို့ Kai က ကွန်ဖရင့်မှာပြောကြား ခဲ့ပါတယ်။ “လေးမီလီယံရောင်းချနိုင်အောင် ပိုပြီးတော့ကြိုးစားသွားပါမယ်။”

Chanyeol က “ဒီအယ်လ်ဘမ်ကိုထုတ်တဲ့ထဲမှာပါဝင်ခွင့်ရတာကြောင့် အဖွဲ့ဝင်အားလုံးဟာ သိသိသာသာကိုပဲ တိုးတက်လာကြပါတယ်။” လို့ ပြောကြားလိုက်ပြီး အဖွဲ့ခေါင်းဆောင် Suho ကလည်း “ဒီအယ်လ်ဘမ်က ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးအပေါ်ရှုမြင်ပုံကို အဓိပ္ပါယ်ဖွဲ့ဆိုပေးပါတယ်” လို့ အယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီး ပြောကြားလိုက်ပုံက ယုံကြည်မှုရှိနေပုံပါပဲ။

သီချင်းသစ်ကိုးပုဒ်ပါဝင်တဲ့ full-length အယ်လ်ဘမ်မှာ ရက်ဂေးပေါ့ပ် “Ko Ko Bop” နဲ့ အီလက်ထရိုပေါ့ပ် “The Eve” လို့ခေါင်းစဉ်တပ်ထားတဲ့သီချင်းတွေ ပါဝင်ပါတယ်။

ခေါင်းစဉ်သီချင်းနဲ့ပတ်သက်ပြီး Baekhyun က သူတို့အနေနဲ့ ပုံစံအသစ်ဖြစ်တဲ့ -- ရက်ဂေးနဲ့ EDM ကို ကြိုးစား ကြည့်ထားတာကြောင့် “ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ” လို့ပြောကြားခဲ့ပါတယ်။ “တေးဂီတနဲ့ပတ်သက်ပြီး သိပ် မသိတဲ့လူတွေတောင်မှ နားထောင်နေရင်းနဲ့ သဘာဝကျကျပဲ သံစဉ်ကိုခံစားမိနိုင်ပါတယ်။”

အယ်လ်ဘမ်နဲ့ပတ်သက်ပြီးမှတ်သားစရာက Chen၊ Chanyeol နဲ့ Baekhyun တို့အားလုံးဟာ စာသားရေးသား တဲ့နေရာမှာ ပါဝင်ထားကြတာပါပဲ။

“သီချင်းစာသားရေးသားခြင်းဟာ (တကယ့်ကိုပဲ) ဘဝအကြောင်းကိုသင်ယူတာမို့လို့ သီချင်းစာသားရေးသားသူ နေရာမှာ ကျွန်တော့်ရဲ့နာမည်အရင်းဖြစ်တဲ့ Kim Jong-dae ကိုပဲအသုံးပြုထားပါတယ်” လို့ Chen ကပြော ကြားခဲ့ပါတယ်။

(2017) ခုနှစ်၊ ဇူလိုင်လ (18) ရက်နေ့၊ ဆိုးလ်မြို့မှာရှိတဲ့ Grand Walkerhill ဟိုတယ်မှာ လေးခွေ မြောက်အယ်လ်ဘမ် “The War” အတွက်ပြုလုပ်တဲ့ မီဒီယာကွန်ဖရင့်မှာ သတင်းထောက်ရဲ့ မေးခွန်းကိုနားထောင်နေတဲ့ K-pop အမျိုးသားအဖွဲ့ EXO ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ Kai (Yonhap)

အဆိုပါအဖွဲ့ဟာ ၎င်းတို့ရဲ့တေးဂီတကို ပရိသတ်တွေသာမက ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နာကျင်ခံစား နေရသူတွေလည်း နားထောင်ပေးကြမယ်လို့မျှော်လင့်ထားတဲ့ သူတို့ရဲ့မျှော်လင့်ချက်ကို ဖော်ပြခဲ့ပါတယ်။

“ဒီနှစ်မှာ ကိုရီးယားနိုင်ငံတွင်းရော၊ နိုင်ငံပြင်ပမှာပါ မကောင်းတဲ့အရာတော်တော်များများဖြစ်ပျက်ခဲ့ပါတယ်။ ဂလိုဘယ်အဖွဲ့အနေနဲ့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့တေးဂီတကနေ မျှော်လင့်ထားတဲ့အမှာစကားကို ပေး ပို့ချင်ပါတယ်” လို့ Sehun ကပြောကြားခဲ့ပါတယ်။ Suho ကလည်း အယ်လ်ဘမ်မှာ “တေးဂီတနဲ့ ကုစားပြီး သင့်မြတ်ကာ ပျော်ရွှင်မှုကိုခံစားလိုက်ပါ” လို့ အမှာစကားတစ်ခုကို ထည့်သွင်းပေးခဲ့ပါတယ်။

ကိုရီးယားမှာ ဆန့်ကျင်တိုက်ဖျက်ရေးစနစ်ကို နေရာချထားမယ့် U.S. ရဲ့အစီအစဉ်အပေါ် တရုတ်က ပြင်းပြင်း ထန်ထန်ဆန့်ကျင်နေတဲ့ အထိအခိုက်မခံတဲ့ သံတမန်ရေးရာကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ Suho က “ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကပရိသတ်တွေဆီကို အကြောင်းကြောင်းကြောင့် သွားရောက်လည်ပတ်ခွင့်မရ ကြပါဘူး။ အခွင့်ကောင်းတစ်ကြိမ်သာရှိလာမယ်ဆိုရင် အဲ့ဒီကိုသွားပြီး သာယာနာပျော်ဖွယ် လိုက်ဖက်ညီတဲ့ ဖျော်ဖြေပွဲတစ်ခုကို ကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

jaeyeon.woo@yna.co.kr

Provided by Yonhap News.