contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

တတိယအပတ်အတွက် TV chart မှာ ဦးဆောင်နေတဲ့ ‘Fight For My Way’

Tue, Jul 25 2017

SEOUL၊ ဇူလိုင်လ (18) ရက် (Yonhap) – KBS 2TV ရဲ့ “Fight For My Way” ဟာ အသိအမှတ်ပြု TV popularity အညွှန်းမှာ တတိယအပတ်အတွက် သရဖူဆောင်းနိုင်ခဲ့တယ်လို့ ဇူလိုင်လ (18) ရက်နေ့ကရရှိတဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

Park Seo-joon နဲ့ Kim Ji-won တို့ပါဝင်ထားပြီး တနင်္လာ-အင်္ဂါ မှာပြသတဲ့ဇာတ်ကားတွေအနက် Content Power Index (CPI) မှာ ရမှတ်ပေါင်း (258) မှတ်ရရှိကာ ဇူလိုင် (၃) ရက်နေ့ကနေ ဇူလိုင် (၉) ရက်နေ့အထိ အကျော်ကြားဆုံး TV အစီအစဉ်ဖြစ်လာခဲ့ပါတယ်။

ဖျော်ဖြေရေးကုမ္ပဏီဖြစ်တဲ့ CJ E&M နဲ့ Nielsen Korea တို့တည်ထောင်တဲ့ CPI ဟာ ဆက်စပ်သတင်း ဖတ်ရှုမှုတွေ၊ အွန်လိုင်းမှာရှာဖွေမှုတွေနဲ့ ဆိုရှယ်မီဒီယာမှာကျော်ကြားမှုအရေအတွက်တွေကိုအခြေခံပြီး TV ရှိုး တွေရဲ့ကျော်ကြားမှုကို တိုင်းတာတာဖြစ်ပါတယ်။

အဆိုပါစီးရီးဟာ ၎င်းတို့ကိုယ်တိုင်ဝန်ခံထားတဲ့ “third-rate lives” အရ ဘဝမှာ ရည်ရွယ်ချက်ကင်းမဲ့နေပြီး နောက်ပိုင်းမှာ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အင်တိုက်အားတိုက်ကြိုးစားတဲ့ အရွယ်ရောက်ပြီးတဲ့ လူငယ်လူရွယ်သူငယ်ချင်းလေးဦးအကြောင်းပဲဖြစ်ပါတယ်။

KBS 2TV ရဲ့ “Fight For My Way” အတွက် အရောင်းမြှင့်တင်ရေးပိုစတာ (Yonhap)

TvN ရဲ့ စီးရီးအသစ်ဖြစ်တဲ့ Shin Se-kyung နဲ့ Nam Joo-hyuk တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Bride of Water God” ဟာ ဇယားရဲ့ဒုတိယနေရာနဲ့ ပွဲဦးထွက်ခဲ့ပြီး အမှတ်ပေါင်း (239.3) ရရှိကာ ညနှောင်းပိုင်း talk show ဖြစ်တဲ့ “Radio Star” ကတော့ ရမှတ်ပေါင်း (230.5) နဲ့ အဆင့်ကိုးဆင့်တက်ကာ အဆင့်သုံးနေရာကို ရရှိခဲ့ပါ တယ်။

KBS 2TV ရဲ့ ရသစုံလင်စကားပြောအစီအစဉ်ဖြစ်တဲ့ “Happy Together” ကတော့ အဆင့်ခုနစ်ကနေ အဆင့်လေးနေရာကိုတက်လှမ်းလာခဲ့ပြီး ပိတ်ရက်ဒရာမာစီးရီး “Father Is Strange” ကတော့ အဆင့်သုံးဆက် တက်ကာ အဆင့်ငါးနေရာကနေ လိုက်ပါလျှက်ရှိပါတယ်။

MBC TV ရဲ့ ပိတ်ရက်ပွဲခံတဲ့ရှိုးဖြစ်တဲ့ “Infinite Challenge” ကတော့ နံပါတ်ခြောက်နေရာမှာဖြစ်ပြီး Mnet ရဲ့ ဟစ်ဟော့ပ်လူရွေးပွဲအစီအစဉ်ဖြစ်တဲ့ “Show Me the Money 6” ကတော့ အဆင့်ခုနစ်ဆင့်ကျဆင်းသွားကာ အဆင့်ခုနစ်နေရာမှာ ရှိနေခဲ့ပါတယ်။

MBC TV ရဲ့ ဗုဒ္ဓဟူး-ကြာသာပတေး ဒရာမာဖြစ်တဲ့ “Ruler: Master of the Mask” နဲ့ tvN ရဲ့ ဟာသရှိုး “Journey to the West 4” ကတော့ အဆင့်ရှစ်နေရာမှာ အတူတူရှိနေကြပြီး SBS TV ရဲ့ “Fantastic Duo 2” က နံပါတ်တစ်ဆယ်နေရာကနေ လိုက်ပါလျှက်ရှိပါတယ်။

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။