contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

OCN သည်းထိတ်ရင်ဖိုဇာတ်ကား ‘Save Me’ မှာ ပါဝင်ထားတဲ့ 2PM ရဲ့ Ok Taecyeon

Fri, Aug 04 2017

SEOUL၊ ဇူလိုင်လ (27) ရက် (Yonhap) – အမျိုးသားတေးဂီတအဖွဲ့ 2 PM ရဲ့ အဆိုတော်-သရုပ်ဆောင်မင်းသား Ok Taecyeon ဟာ မကြာမီထွက်ရှိလာမယ့် စိတ်ကူးယဉ်ကိုးကွယ်ယုံကြည်မှုတစ်ခုပေါ်ကိုအခြေတည်ထားတဲ့ OCN ရဲ့ သည်းထိတ်ရင်ဖိုစီးရီး “Save Me” မှာ ပါဝင်မှာဖြစ်ပါတယ်။

“’Save Me’ ကိုရွေးချယ်ရတဲ့ အကြီးမားဆုံးအကြောင်းပြချက်ကတော့ အရမ်းတော်တဲ့သရုပ်ဆောင်တွေနဲ့ အတူတူအလုပ်လုပ်ခွင့်ရမယ့် အခွင့်အရေးဖြစ်လို့ဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုပါဝင်နေတဲ့အကြောင်းအရာ ဆိုတာ လွယ်ကူတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ အဲဒါက စိတ်အာရုံကိုဆွဲဆောင်နိုင်တယ်ဆိုတာ ကျွန်တော်တွေ့ရှိ ခဲ့ပါတယ်” လို့ Ok က ဆိုးလ်အနောက်ပိုင်း Time Square မောလ်မှာ ဇူလိုင်လ (27) ရက်နေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရုပ်သံရှိုးအသစ် ‘Save Me’ အတွက် (2017) ခုနှစ် ဇူလိုင်လ (27) ရက်နေ့က ဆိုးလ်အနောက်ပိုင်း Time Square မောလ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်ဟန်ပြနေတဲ့ အဆိုတော်-သရုပ်ဆောင်မင်းသား Ok Taecyeon (Yonhap)

Ok ဟာ ကျေးလက်ဒေသက နိုင်ငံ့အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ ကြည့်ကောင်းပြီး အသိဉာဏ်နဲ့ပြည့်စုံတဲ့ အထက် တန်းကျောင်းသားအရွယ် သားဖြစ်သူ Han Sang-hwan အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ အယူအဆ နဲ့ထိန်းကွပ်ခံထားရတဲ့ Seo Ye-jin ပါဝင်သရုပ်ဆောင်ထားတဲ့ ၎င်းရဲ့ငယ်ချစ်ဦးဇာတ်ကောင်ကိုကယ်ဆယ်ဖို့ အတွက် မင်းသား Cho Sung-ha သရုပ်ဆောင်ထားတဲ့ဇာတ်ကောင်ဖြစ်တဲ့ Baek Jung-ki ဦးဆောင်ထားတဲ့ လျို့ဝှက်ဆန်းကျယ်တဲ့ကိုးကွယ်ယုံကြည်မှုထဲ ပါဝင်လာခဲ့ပါတယ်။

ဒီစီးရီးဟာ (2011) ခုနှစ်၊ ဇွန်လကနေ (2013) ခုနှစ်၊ ဇန်နဝါရီလအထိကြာရှည်ခဲ့ကာ Cho Geum-san ဖန်တီးခဲ့ တာဖြစ်တဲ့ လူကြိုက်များတဲ့ဝက်ဘ်ကောမစ်စီးရီး “Out In The World” ကို အခြေခံထားတာဖြစ်ပါတယ်။

“ဒီဒရာမာရဲ့နှစ်သက်ဖို့ကောင်းတဲ့အချက်က လူတွေဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့လူမှုပတ်ဝန်းကျင်နဲ့ တွေ့ ကြုံလာရတဲ့အခါ စရိုက်တွေဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရတာပါပဲ” လို့ Ok ကပြောကြားခဲ့ပါတယ်။ ဒီစီးရီးဟာ အရင်တုန်းက ရုပ်ရှင်ဇာတ်ကားနယ်ပယ်မှာပဲအလုပ်လုပ်ကိုင်ခဲ့တဲ့ ဒါရိုက်တာ Kim Sung-soo အတွက် ပထမဦးဆုံး TV ပရောဂျက်ပဲဖြစ်ပါတယ်။ “ကျွန်တော့်အနေနဲ့ အရမ်းကောင်းတဲ့အရာတွေကို ဖြတ်သန်း လာခဲ့ပြီး ဇာတ်ကားပဲဖြစ်ဖြစ် TV ဒရာမာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ ရိုက်ရမယ်လို့တွေးခဲ့ပါတယ်။”

“Save Me” ဟာ Ok အတွက် သူ့ရဲ့စစ်မှုထမ်းဆောင်ခြင်းမစတင်မီ နောက်ဆုံးပရောဂျက်ဖြစ်ဖွယ်ရှိပါတယ်။ အဆိုတော်ဟာ အမေရိကန်မှာနေထိုင်ဖို့ကို လက်လျှော့ခဲ့ပြီး စစ်မှုထမ်းဖို့အတွက် ကျောရိုးမကြီးဆိုင်ရာ ပြဿနာ အတွက် ဆေးကုသမှုတောင်ခံယူခဲ့ပါတယ်။

“ကျွန်တော် ဒီနှစ်အတွင်းမှာ (စစ်မှုထမ်းဖို့) တကယ်ကိုသွားချင်ပါတယ်။ စစ်မှုရေးရာလုပ်အားစီမံခန့်ခွဲရေးကနေ ဆင့်ခေါ်လာမယ်ဆိုရင် ကျွန်တော်သွားမှာပါ။ (စစ်မှုမထမ်းခင်) ဒါက ကျွန်တော်ရဲ့ နောက်ဆုံးပရောဂျက် မဖြစ်လောက်ဘူးမလား။”

ကိုရီးယားမှာ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းတဲ့အမျိုးသားတိုင်းဟာ နှစ်နှစ်ခန့်ကြာတဲ့ စစ်မှုထမ်းဆောင်ခြင်းတာဝန် ကို ပြီးမြောက်အောင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

“Save Me” ကို OCN မှ သြဂုတ်လ (5) ရက်နေ့မှာ ပွဲဦးထွက်ပြသမှာဖြစ်ပါတယ်။

(2017) ခုနှစ်၊ ဇူလိုင်လ (27) ရက်နေ့က ဆိုးလ်အနောက်ပိုင်း Time Square မောလ်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်ဟန်ပြနေတဲ့ OCN ရဲ့ရုပ်သံစီးရီးအသစ် “Save Me” မှအဓိကသရုပ်ဆောင်များ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။