Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

နောက်တစ်ပတ် ပရိသတ်တွေ့ဆုံပွဲမှာ အယ်လ်ဘမ်အသစ်ကိုဖော်ပြသွားမယ့် Girls’ Generation

Fri, Aug 04 2017

SEOUL၊ ဇူလိုင်လ (30) ရက် (Yonhap) – K-pop အဖွဲ့ Girls’ Generation ဟာ နောက်တစ်ပတ်မှာကျင်းပမယ့် ပရိသတ်တွေဆုံပွဲမှာ ၎င်းတို့ရဲ့အယ်လ်ဘမ်အသစ်အကြောင်းကို ဖော်ပြသွားမှာဖြစ်တယ်လို့ ၎င်းရဲ့စီမံအုပ်ချုပ် မှုအေဂျင်စီကနေ ဇူလိုင်လ (30) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင်ရှစ်ဦးပါဝင်တဲ့အဆိုပါအဖွဲ့ဟာ ၎င်းတို့ရဲ့ပွဲဦးထွက်မှု (10) နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ သြဂုတ်လ (5) ရက်နေ့မှာကျင်းပမယ့် တွေ့ဆုံပွဲအတွင်း ၎င်းတို့ရဲ့ခြောက်ခွေမြောက် full-length အယ်လ်ဘမ်ဖြစ်တဲ့ “Holiday Night” မှ “All Night” နဲ့ “Holiday” တို့ပါဝင်တဲ့ သီချင်းသစ်တွေကို သီဆိုမှာဖြစ်တယ်လို့ S.M. Entertainment မှ ပြောကြားခဲ့ပါတယ်။



S.M. Entertainment ကနေထုတ်ပြန်တဲ့ နေ့စွဲဖော်ပြမထားတဲ့ Girls’ Generation ပုံ (Yonhap)


“Holiday to Remember” လို့အမည်ပေးထားတဲ့ပွဲကို ဆိုးလ်အရှေ့ပိုင်းမှာရှိတဲ့ Olympic Park ရဲ့ Olympic Hall မှာ ည (7) နာရီအချိန် ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီပွဲမှာ နိုင်ငံတကာမှာကျော်ကြားတဲ့ K-pop အဖွဲ့ဟာ လာမယ့်ပွဲနဲ့ အယ်လ်ဘမ်အပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို မချင့်မရဲဖြစ်သွားစေဖို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hyoyeon ရဲ့ဓာတ်ပုံနဲ့ အင်တာဗျူးဗီဒီယိုကို ၎င်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ လွှင့်တင်ဖော်ပြခဲ့ပါတယ်။ အများပြည်သူတွေကို တန်ပိုအလယ်အလတ်ဖြစ်တဲ့ ပေါ့ပ်သီချင်း “One Last Time” ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ပြုလုပ်ခဲ့ပါသေးတယ်။

ခြောက်ခွေမြောက်အယ်လ်ဘမ်ကို ဒေသအလိုက်သီချင်းတိုက်ရိုက်နားဆင်တဲ့ဆိုက်တွေမှာ သြဂုတ်လ (4) ရက် နေ့ ညနေ (6) နာရီမှာ ထုတ်လွှင့်မှာဖြစ်ပြီး အခွေကိုတော့ ဈေးကွက်အတွင်းကို သြဂုတ်လ (7) ရက်နေ့မှာ ဖြန့်ချိ သွားမှာပဲဖြစ်ပါတယ်။

jaeyeon.woo@yna.co.kr



S.M. Entertainment ကနေထုတ်ပြန်တဲ့ နေ့စွဲဖော်ပြမထားတဲ့ တောင်ကိုရီးယားမိန်းကလေးအဖွဲ့ Girls’ Generation မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Hyoyeon ပုံ (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။