contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အဖွင့်ရက်သတ္တပတ်မှာပဲ ကြည့်ရှုသူပေါင်း 2.5 မီလီယံကို လက်မှတ်တွေရောင်းချခဲ့ရတဲ့ ‘The Battleship Island’

Mon, Aug 07 2017

SEOUL၊ ဇူလိုင်လ (31) ရက် (Yonhap) – တစ်နှစ်တာအတွင်း စိတ်ဝင်စားခံရမှုအများဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ “The Battleship Island” ဟာ တောင်ကိုရီးယားရဲ့ weekend box office ဇယားမှာ နံပါတ် (1) အဖြစ်နဲ့ပွဲဦးထွက်ခဲ့ပြီး များပြားလှစွာသော ကြည့်ရှုမှုပေါင်း (4) မီလီယံရှိခဲ့တယ်လို့ ဇူလိုင်လ (31) ရက်နေ့မှာ ပြ သတဲ့အချက်အလက်များအရ သိရှိရပါတယ်။

Ryoo Seung-wan ရိုက်ကူးတဲ့ သမိုင်းဝင်အက်ရှင်ဇာတ်ကားဟာ ဇူလိုင်လ (28-30) ရက်သတ္တပတ်အတွင်း နိုင်ငံအဝှမ်းကရုပ်ရှင်ရုံပေါင်း (2,019) မှာ ကြည့်ရှုသူပေါင်း 2.5 မီလီယံကိုဆွဲဆောင်ပြီး ထိပ်ဆုံးနေရာကိုရောက် ရှိခဲ့တာဖြစ်တယ်လို့ ကိုရီးယားရုပ်ရှင်အစည်းအရုံး (KOFIC) ထံမှ သိရှိရပါတယ်။



CJ Entertainment ကနေထုတ်ပြန်တဲ့ “The Battleship Island” မှ ဇာတ်ဝင်ခန်းတစ်ခန်းရဲ့ပုံ (Yonhap)


အဆိုပါဇာတ်ကားဟာ ပြသပြီးငါးရက်မြောက်ဖြစ်တဲ့ ဇူလိုင်လ (30) ရက်နေ့က ပရိသတ်ပေါင်း (4) မီလီယံရရှိ ခဲ့ပြီး ယခုနှစ်အတွင်းအမြန်ဆုံးလူသိများကျော်ကြားလာတဲ့ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ခြေလှမ်းအရဆိုရင် တောင် ကိုရီးယားရဲ့ကြည့်ရှုသူအများဆုံးရုပ်ရှင်ဖြစ်တဲ့ “Roaring Currents” (2013) နဲ့ အတူတူပဲဖြစ်ပါတယ်။

Song Joong-ki၊ So Ji-sub နဲ့ Hwang Jung-min တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “The Battleship Island” ဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်သင်္ဘောကြီးနဲ့တူလာပြီးတဲ့နောက် Battleship Island လို့နာမည်ပြောင်ရ သွားတဲ့ ဂျပန်နိုင်ငံရဲ့ Hashima ကျွန်းပေါ်က ရာပေါင်းများစွာသော ကိုရီးယားမိုင်းတွင်းလုပ်သားတွေနဲ့ လိင်ကျွန် တို့ တွေ့ကြုံရတဲ့ ယုတ်မာရက်စက်မှုတွေနဲ့ ညှင်းပန်းစစ်ဆေးခံရမှုတွေပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

များပြားလှစွာသောတောင်ကိုရီးယားလူမျိုးတွေဟာ ကိုရီးယားအမျိုးသမီးငယ်တွေအများအပြားကို ဂျပန် စစ်သားတွေအတွက် လိင်ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခဲ့တဲ့ (1910) ခုနှစ်ကနေ (1945) ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ရက်ရက်စက်စက်နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံအပေါ် နက်ရှိုင်းစွာနာကျည်း ခံပြင်းဒေါသထွက်နေကြဆဲဖြစ်ပါတယ်။ သန်းပေါင်းများစွာသောကိုရီးယားလူမျိုးတွေဟာ အဆိုပါကာလအတွင်း မှာ ဂျပန်နိုင်ငံကို အလုပ်သမားတွေအဖြစ် အတင်းအကြပ်ခေါ်ဆောင်ခံခဲ့ကြရပါတယ်။



UPI Korea ထံကနေရရှိတဲ့“Despicable Me 3” မှဇာတ်ဝင်ခန်းတစ်ခန်းရဲ့ပုံ(Yonhap)


ဟောလီးဝုဒ်ကာတွန်းရုပ်ရှင် “Despicable Me 3” ဟာ ပြည်တွင်းမှာ စုစုပေါင်း (1.22) မီလီယံနဲ့ လက်မှတ်ပေါင်း (852,864) ရောင်းချရပြီး နံပါတ် (2) နေရာမှာ ရပ်တည်နေပါတယ်။

Christopher Nolan ရဲ့ ဒုတိယကမ္ဘာစစ်ဇာတ်ကား “Dunkirk” ကတော့ ရုပ်ရှင်ကြည့်ရှုသူပေါင်း (366,256) ရရှိြ့ပီး တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ၎င်းဟာ ကြည့်ရှုသူအရေအတွက် (2.18) မီလီယံကိုရောက်ရှိ ခဲ့တာနဲ့အတူ ထွက်ရှိပြီးခြောက်ရက်မြောက်ဖြစ်တဲ့ ဇူလိုင်လ (29) ရက်နေ့မှာ (2) မီလီယံဆိုတဲ့ဘောင်ကို ဖြတ် ကျော်နိုင်ခဲ့ပါတယ်။

စတုတ္ထနေရာမှာရပ်တည်နေတာကတော့ (100,213) နဲ့ “Spider-Man: Homecoming” ဖြစ်ပြီး အဲဒီ့နောက်မှာ ဂျပန်အန်နီမေးရှင်း TV စီးရီး “Crayon Shinchan” ကို ကိုးကားထားတဲ့ဇာတ်ကားဖြစ်တဲ့ “Crayon Shinchan 2017 Theatrical Film: Invasion! Alien Shiriri” က လိုက်ပါနေပါတယ်။ ၎င်းဟာ လက်မှတ်ပေါင်း (48,090) ရောင်းချထားခဲ့ရတာဖြစ်ပါတယ်။

sshim@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။