Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

DMZ ဖျော်ဖြေပွဲကို ပိုမိုတင့်တယ်သွားစေမယ့် Girls’ Generation နဲ့ Yuhki Kuramoto

Thu, Aug 10 2017

SEOUL၊ သြဂုတ်လ (3) ရက် (Yonhap) – Idol တေးဂီတအဖွဲ့ Girls’ Generation နဲ့ ဂျပန်နိုင်ငံရဲ့ သီချင်းရေး စပ်သူအသစ် Yuki Kuramoto တို့ဟာ ဆိုးလ်ရဲ့မြောက်ဘက်၊ ကိုရီးယားနယ်စပ်အတွင်းနားတွင် ယခုနှစ်၏ DMZ ငြိမ်းချမ်းရေးဖျော်ဖြေပွဲကိုတင်ဆက်ရန်သတ်မှတ်ထားသည့်အနုပညာရှင်များတွင်ပါဝင်ကြောင်း ပွဲစီစဉ်သူ များမှ သြဂုတ်လ (3) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တစ်ညီတစ်ညွတ်တည်းဖြစ်တဲ့အမှတ်သညာအဖြစ် Gyeonggi စီရင်စုမှ Paju ရှိ Nuri ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပမယ့် နှစ်ရက်ကြာဖျော်ဖြေပွဲကို သြဂုတ်လ (12) ရက်နေ့မှာကျင်းပမှာပဲဖြစ်ပြီး ပထမနေ့မှာ K-pop စတားတွေဖြစ်တဲ့ Girls’ Generation၊ BTOB၊ B1A4၊ Cosmic Girls နဲ့ GFriend တို့ဖျော်ဖြေဖို့ ရည်ရွယ်ထား တယ်လို့ MBC TV ကပြောကြားခဲ့ပါတယ်။

သြဂုတ်လ (13) ရက်နေ့မှာတော့ Yuhki Kuramotoဝ၊ တယောပညာရှင် Shin Ji-ah နှင့် Yi-Chien Tseng၊ အော်ပရာတေးသံရှင်လေးဦးအဖွဲ့ Forte Di Quattro နဲ့ Gyeonggi Philharmonic သံစုံတီးဝိုင်းအဖွဲ့တို့မှ ဂန္ဓဝင်/ အော်ပရာဖျော်ဖြေပွဲကို တင်ဆက်ဖျော်ဖြေမှာဖြစ်ပါတယ်။

ဖျော်ဖြေပွဲကိုပူးတွဲကျင်းပတဲ့ MBC TV နဲ့ Gyeonggi စီရင်စုဆိုင်ရာအစိုးရတို့မှ လူတိုင်းကို အခမဲ့ကြည့်ခွင့်ပေး သွားမှာဖြစ်ပါတယ်။ ရှိုးကို သြဂုတ်လ (15) ရက်နေ့မှာ ကွန်ရက်ကနေတစ်ဆင့် ထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါ တယ်။

K-pop idol အဖွဲ့ Girls’ Generation ၏ဓာတ်ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.