Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

Seo Tai-ji ရဲ့ သီချင်းတွေ ပြန်ပြောင်းသီဆိုမယ့် အစီအစဉ်မှာ ပါဝင်မယ့် Heize နဲ့ Suran

Sat, Aug 12 2017

SEOUL၊ သြဂုတ်လ (3) ရက် (Yonhap) – Heize နဲ့ Suran တို့က K-pop ရဲ့ နာမည်ကြီးအဆိုတော်ဖြစ်တဲ့ Seo Tai-ji ရဲ့ 25 နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့ပြန်ပြောင်းသီဆိုပွဲ အစီအစဉ်မှာ သီဆိုဖျော်ဖြေမယ့် အဖွဲ့ အသစ်တွေကြားမှာ ပါဝင်လာမယ့် အဆိုတော်တွေဖြစ်တယ်လို့ Seo ရဲ့ ကုမ္ပဏီက သြဂုတ်လ (3) ရက်နေ့ ကပြောသွားခဲ့ပါတယ်။

Eddy Kim၊ Crush တို့နဲ့အတူ တစ်ကိုယ်တော် အဆိုရှင်နှစ်ဦးက Seo ရဲ့ တစ်ချိန်တုန်းက နာမည်ကျော် သီချင်းတွေကို ပြန်လည်သီဆိုဖျော်ဖြေမယ့်အစီအစဉ်အတွက် ရောက်ရှိနေပြီဖြစ်တယ်လို့ Seo Tai-ji ရဲ့ ကုမ္ပဏီ ကဆိုပါတယ်။ ယင်းအနုပညာရှင်လေးဦးက Seo ရဲ့ တိုက်တွန်းအားပေးမှုကြောင့် ပါဝင်လာကြတာပဲဖြစ်တယ်လို့ ကုမ္ပဏီကရှင်းပြပါတယ်။

ပြီးခဲ့တဲ့လကတည်းက BTS၊ Younha နဲ့ Urban Zakapa တို့က “Come Back Home”၊ “Moai” နဲ့ “Take Five” တို့အပါအဝင် Seo ရဲ့ နာမည်ကျော်သီချင်းတွေကို ပြန်လည်ဆန်းသစ်သီဆိုဖျော်ဖြေမှုကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်ဆန်းသစ်မယ့်အစီအစဉ်က စက်တင်ဘာလ (2) ရက်နေ့၊ ဆိုးလ်မြို့ရှိ Olympic Main Stadium မှာ ကျင်းပမယ့် Seo ရဲ့ (25) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအထိ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

Underground ရော့ခ်တေးဂီတမှာ ယခင်ကအတွေ့အကြုံရှိခဲ့ပြီး အမည်ရင်းမှာ Jung Hyun-chul ဖြစ်တဲ့ Seo ကတော့ သူ့ရဲ့ခေတ်ရေစီးကြောင်းအလိုက် ပွဲဦးထွက်လာမှုကို အမျိုးသားအဆိုတော်အဖွဲ့ “Seo Tai-ji & Boys” ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ 1992 ခုနှစ်က စတင်ခဲ့ပြီး “President of Culture” ဆိုတဲ့နာမည်ရတဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အယ်လ်ဘမ်အမြောက်အမြားကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။ 1996 ခုနှစ်မှာ အဖွဲ့ဖျက်သိမ်းပြီးနောက်မှာတော့ တစ်ကိုယ်တော်အဆိုတော်အဖြစ်နဲ့ပဲ ဆက်လက်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

2017 ခုနှစ်က (Yonhap) Seo Taiji ရဲ့ (25) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြန်လည်ဆန်းသစ်သီဆိုမယ့် ပရောဂျက်မှာ ပါဝင်ဆင်နွှဲမယ့် K-pop ရဲ့အနုပညာကြယ်ပွင့်တွေဖြစ်တဲ့ Eddy Kim, Suran, Crush and Heize (အပေါ်ပိုင်းဘယ်ဘက်ကနေ လက်ယာရစ်) တို့အား စုစည်းဖော်ပြထားတဲ့ဓာတ်ပုံ။ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.