Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

တစ်ကိုယ်တော်အနေနဲ့ပြန်လည်ရောက်ရှိလာမယ့် Wonder Girls အဖွဲ့ဝင်ဟောင်း Sunmi

Fri, Aug 11 2017

SEOUL၊ သြဂုတ်လ (7) ရက် (Yonhap) – Wonder Girls အဖွဲ့ဝင်ဟောင်း Sunmi ဟာ သူမရဲ့ ပထမဦးဆုံး တစ်ကိုယ်တော်အနေနဲ့ ယခုနှစ်တွေအတွင်းမှာ ပြန်လည်ထွက်ပေါ်လာမှာဖြစ်တယ်လို့ သြဂုတ်လ (7) ရက်နေ့ က သူမရဲ့အေဂျင်စီထံမှသိရှိရပါတယ်။

Sunmi ဟာ သြဂုတ်လ (22) ရက်နေ့မှာ single အယ်လ်ဘမ်အသစ်ထွက်ရှိမှာဖြစ်တယ်လို့ MAKEUS Entertainment ကနေပြောကြားခဲ့တာဖြစ်ပါတယ်။ K-pop နာမည်ကြီးအဆိုတော်ဟာ Wonder Girls အဖွဲ့ ဖျက်သိမ်းမှုနဲ့အတူ JYP Entertainment ကနေထွက်ခွာခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလတုန်းက အဆိုပါကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Wonder Girls အနေနဲ့မဟုတ်ဘဲ အသက် (25) နှစ်အရွယ်အဆိုတော်ဟာ တစ်ကိုယ်တော်အနုပညာရှင်အနေနဲ့ သင့်တင့်မျှတတဲ့အောင်မြင်မှုမှာ ပျော်မွေ့နေခဲ့ပါတယ်။ သူမဟာ (2014) ခုနှစ်မှာ သူမရဲ့ EP အယ်လ်ဘမ် “Full Moon” ထွက်ရှိပြီးတဲ့နောက် သူမရဲ့ပထမဦးဆုံးတစ်ကိုယ်တော် single အယ်လ်ဘမ် “24 Hours” ထွက်ရှိခဲ့ပါ တယ်။

“Sunmi ဟာ အေဂျင်စီပြောင်းပြီးတဲ့နောက် သူမရဲ့ဂီတပေါ်မှာ တစိုက်မတ်မတ်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ သူမဟာတစ်ကျော့ပြန်လာပြီးတဲ့နောက် အများပြည်သူနဲ့တွေ့ဆုံဖို့ကို တက်တက်ကြွကြွစီစဉ်သတ်မှတ်ထား ပါတယ်” လို့ MAKEUS ကပြောကြားခဲ့ပါတယ်။

ယခုအခါမှာဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ idol အဖွဲ့ Wonder Girls ရဲ့အဖွဲ့ဝင်အနေနဲ့ဖျော်ဖြေတင်ဆက်နေတဲ့ တောင်ကိုရီးယားပေါပ့်အဆိုတော် Sunmi ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.