Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အစမှာတင် အရှိန်အဟုန်ပြင်းပြင်းနဲ့လူကြိုက်များခဲ့တဲ့ ပရောဂျက်တေးဂီတအဖွဲ့ Wanna One ရဲ့ အကြိုပွဲဦး ထွက်မှု

Fri, Aug 11 2017

SEOUL၊ သြဂုတ်လ (7) ရက် (Yonhap) – ရုပ်သံရှိုးတွေကနေ မဂ္ဂဇင်းအဖုံးတွေနဲ့ ကြော်ငြာဘုတ်တွေအထိ တောင်ကိုရီးယားရဲ့ ပေါ့ပ်ယဉ်ကျေးမှုအားလုံးသက်ရောက်နေတဲ့ လူရွေးပွဲရှိုး “Produce 101” ကနေ အဖွဲ့ဝင် (11) ဦးပါဝင်တဲ့ ပရောဂျက်အဖွဲ့ကြီးဖြစ်တဲ့ I.O.I ကို ဖန်တီးခဲ့တာသိပ်မကြာသေးသလို I.O.I ရဲ့ လှုပ်ရှားမှုကို ရပ်ထားတာကလည်း ခုနစ်လကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရှိုးလုပ်ငန်းမှာတော့ မီးမောင်းအောက်ကနေလအတန်ငယ်ကြာအောင်ပျောက်နေတာဟာ နှစ် အတော်ကြာတယ်လို့ တစ်ခါတစ်လေမှာ ခံစားမိစေတတ်ပါတယ်။ “Produce 101” ကိုပိုင်ဆိုင်တဲ့ CJ E&M ဟာ ပုံမှန်အားဖြင့် I.O.I ရဲ့အောင်မြင်မှုကိုပြန်ဖန်တီးဖို့အခွင့်အရေးကို ကျော်သွားမှာမဟုတ်ပါဘူး။ Season 2 ပြိုင်ပွဲ ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ ပရောဂျက်တေးဂီတအဖွဲ့ Wanna One နဲ့အတူ CJ E&M ဟာ အကြိုပွဲဦးထွက်မှုမှာ လူသစ်အဖွဲ့အတွက် မကြုံဖူးတဲ့အထွတ်အထိပ်အထိရောက်ရှိသွားခဲ့ခြင်းနဲ့အတူ ပိုကောင်းအောင်ဆောင်ရွက်နိုင် ခဲ့ပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ အယ်လ်ဘမ်အတွက်ပြင်ဆင်တာတွေ၊ ကြောငြာတွေ၊ ဖြစ်ရပ်မှန်ရုပ်သံနဲ့ ရသစုံလင်ရှိုး ရိုက်ကူးခြင်းတွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်” လို့ အဖွဲ့ဝင် Yoo Ji-sung က သြဂုတ်လ (7) ရက်၊ Seoul မြို့၊ Gocheok Sky Dome မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပွဲဦးထွက်ပြသမှုမတိုင်မီ (2017) ခုနှစ် သြဂုတ်လ (7) ရက်နေ့က Seoul မြို့၊ Gocheok Sky Dome မှာကျင်းပခဲ့ တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကိုစကားပြောကြားနေတဲ့ ပရောဂျက် အမျိုးသားတေးဂီတ အဖွဲ့ Wanna One (Yonhap)

အဆိုပါတေးဂီတအဖွဲ့ဟာ ညအခါမှာ K-pop တေးဂီတအဖွဲ့သစ်တစ်ဖွဲ့အတွက် အကြီးဆုံးတစ်ကိုယ်တော် မိတ်ဆက်ပွဲကို Gocheok Sky Dome မှ ပွဲဦးထွက်ပြသဖို့ စီစဉ်သတ်မှတ်ထားခဲ့တာပါ။ “Energetic” နဲ့ “Burn It Up” တို့ရဲ့တစ်ပိုင်းတစ်စကလွဲပြီး သီချင်းတွေကိုတောင်မသိတဲ့ ထောင်ပေါင်းများစွာသောပရိသတ်တွေ (ပရိသတ်တွေကို ခေါင်းစီးသီချင်းအတွက်မဲပေးခွင့်ပေးခဲ့ပြီး “Energetic” ကရွေးချယ်ခံခဲ့ရပါတယ်။) ဟာ သိပ်မကြာတဲ့နာရီပိုင်းအချိန်ကတည်းက ရုံမှာတန်းစီနေခဲ့ကြတာပါ။ ညနေပိုင်းမှာတော့ အပူဒဏ်ကိုမမှုတဲ့ ပရိ သတ်တွေဟာ ဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိ များပြားလာခဲ့ပါတယ်။

ပရောဂျက်အမျိုးသားတေးဂီတအဖွဲ့ Wanna One ရဲ့ ပွဲဦးထွက်တင်ဆက်ပွဲကိုကြည့်ရှုဖို့စောင့်ဆိုင်းနေစဉ် (2017) ခုနှစ် သြဂုတ်လ (7) ရက်နေ့၊ Seoul မြို့၊ Gocheok Sky Dome တစ်ဝိုက်မှာ စုပြုံနေတဲ့ ထောင်ပေါင်း များစွာသောလူများ (Yonhap)

EP အခွေရဲ့ခေါင်းစဉ်ဟာ “1x1=1” ဖြစ်ပါတယ်။ အဆိုပါအခွေမှာ “Energetic” ၊ “Burn It Up” ၊ “Never” နဲ့ “Wanna Be (My Baby)” တို့အပါအဝင် သီချင်းခုနစ်ပုဒ်ပါဝင်ပါတယ်။ သင်္ချာပုံစံအယ်လ်ဘမ်စီးရီးတွေအနက် ပထမဦးဆုံးဖြစ်တဲ့အခွေရဲ့နာမည်ဟာ ပရိသတ်တွေနဲ့အတူ နံပါတ် (1) အဖွဲ့ဖြစ်လာချင်တဲ့ အဖွဲ့ရဲ့စိတ်အား ထက်သန်မှုကို ပြသထားတာဖြစ်ပါတယ်။

အရောင်းပုံရိပ်ဟာလည်း အဖွဲ့အနေနဲ့ ဘယ်လောက်ပေါက်နေပြီလဲဆိုတဲ့အညွှန်းကို အလွယ်တကူပဲစမ်းသပ် နိုင်စေပါတယ်။ Wanna One ရဲ့ပွဲဦးထွက်အယ်လ်ဘမ်ကို ကြိုတင်မှာယူမှုဟာ ယနေ့ခေတ်ရဲ့ အကြီးမားဆုံး K-pop တေးဂီတအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ EXO နဲ့ BTS တို့လို ကော်ပီပေါင်း (600,000) အထိရှိနေခဲ့ပြီဖြစ်ပါတယ်။ ရုပ်သံကွန်ရက်တွေဟာလည်း အလျင်အမြန်ပဲမြင့်တက်နေခဲ့ပြီး အချိန်ကောင်းမှာပြတဲ့ TV ရှိုးတွေမှာ အဖွဲ့ကို ပါဝင်ဖို့ပြောဆိုထားတာတွေကလည်း တန်းစီနေပါတယ်။

“EXO နဲ့ BTS တို့ရဲ့ဖျော်ဖြေပွဲဗီဒီယိုတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ငါလဲတစ်နေ့စင်ပေါ်မှအဲဒီလိုရပ်နိုင်ရမယ် လို့ပြောခဲ့တာကို မှတ်မိပါသေးတယ်။ Gocheok Sky Dome မှာ ပွဲဦးထွက်ခွင့်ရခဲ့တာက အိမ်မက်တွေလက်တွေ့ ဖြစ်လာသလိုပါပဲ။” လို့ အဖွဲ့ဝင် Kang Daniel ကပြောကြားခဲ့ပါတယ်။

Hwang Min-hyun ကလည်း “ကျွန်တော့်အနေနဲ့ Gocheok လိုအံ့မခန်းစင်မြင့်ပေါ်မှရပ်နိုင်ဖို့ လုံးဝမတွေးခဲ့ဖူး ပါဘူး။ အဲဒါကတကယ့်ကို ချီးမြှောက်ခံရတာဖြစ်သလို စိတ်လှုပ်ရှားစရာလဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲဦးထွက်မှုဆီလာရောက်တဲ့လူတွေကို အချိန်ကောင်းလေးတွေပေးချင်ပါတယ်။” လို့ထောက်ခံပြောဆိုခဲ့ပါတယ်။

YMC Entertainment ကနေစီစဉ်တဲ့အဖွဲ့ဖြစ်တဲ့ I.O.I ဟာ အမြဲတမ်းရှိမနေနိုင်တာကြောင့် အဖွဲ့ဝင်တွေဟာ (2018) ခုနှစ် အကုန်အထိလို့သတ်မှတ်ထားတဲ့အချိန်အတွင်း အောင်မြင်လိုတဲ့အိပ်မက်ပန်းတိုင်တွေ ရှိကြပါတယ်။

“ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတစ်လျှောက်လုံးမှာ စစ်မှန်တဲ့ သမိုင်းတွင်မယ့်စင်မြင့်ကိုပဲ တင်ဆက်ချင်ပါတယ်။ ‘Wanna One က ဒီလိုဖျော်ဖြေတင်ဆက်တာလား’ ဆိုပြီး လူတွေသွားကြည့်ကြမယ့်စင်မြင့်မျိုးကို တင်ဆက်ချင် ပါတယ်” လို့ Oh Seung-woo ကပြောကြားခဲ့ပါတယ်။

မမျှော်မှန်းထားတဲ့ ကောလဟာလနဲ့ အာရုံစိုက်ခံရမှုတွေရှိနေပေမယ့် အဖွဲ့ဝင် (11) ဦးပါအဖွဲ့ဟာ ဆက်လက် ပွဲဦးထွက်နေလျှက်ရှိပါတယ်။ လေ့ကျင့်ရေးကိုနှစ်အတန်ကြာပင်ပန်းကြီးစွာဖြတ်သန်းခဲ့ပြီးနောက်မှာတော့ သူတို့ ဟာ သူတို့ဖြစ်ချင်တဲ့ ပထမဆုံးအရေးကြီးတဲ့အသက်မွေးဝမ်းကြောင်းအလုပ်အတွက်သမိုင်းမှတ်ကျောက်ကို ရေး ထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

“ကလေးဘဝကတည်းကအဆိုတော်ဖြစ်လာဖို့ဆိုတဲ့ကျွန်တော့်ရဲ့ကိုယ်ပိုင်အိပ်မက်ကို အမြဲတမ်းစိန်ခေါ်ရင်ဆိုင် ခဲ့တာပါ။ ကျွန်တော်ဟာ စိတ်ပျက်အားလျော့ပြီး ကျရှုံးမှုပေါင်းများစွာကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ကနေ ကျွန်တော်အများကြီးရင့်ကျက်လာခဲ့တယ်လို့ထင်ပါတယ်” လို့ Kim Jae-hwan က ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“ကျွန်တော် ကိုယ့်ကိုယ်ကို ဆက်ပြီးစိန်ခေါ်တိုက်ခိုက်နေဖို့နဲ့ ဘယ်တော့မှအရှုံးမပေးဖို့ တွန်းအားပေးခဲ့ပါတယ်။ ကျွန်တော်မျှော်လင့်တာက (တခြားသင်တန်းသားတွေလည်း) သူတို့ရဲ့စိတ်ဓာတ်ကို တင်းထားနိုင်ဖို့ပါပဲ။ အိပ်မက်တွေကို တောက်လျှောက်စိန်ခေါ်ရင်ဆိုင်နေခဲ့မယ်ဆိုရင် တကယ်ဖြစ်လာမှာမို့လို့ သူတို့အနေနဲ့ ဘယ်တော့မှအရှုံးမပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့လည်း Kim က ထပ်လောင်းပြောကြားခဲ့ပါတယ်။

odissy@yna.co.kr

ပွဲဦးထွက်ပြသမှုမတိုင်မီ (2017) ခုနှစ် သြဂုတ်လ (7) ရက်နေ့က Seoul မြို့၊ Gocheok Sky Dome မှာကျင်းပခဲ့ တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကိုစကားပြောကြားနေတဲ့ ပရောဂျက် အမျိုးသားတေးဂီတ အဖွဲ့ Wanna One (Yonhap)

Provided by Yonhap News.