contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

သြစတေးလျ KCON ပွဲမှာပါဝင်ဖို့အတည်ပြုလိုက်တဲ့ Wanna One နဲ့ Girl’s Day

Thu, Aug 17 2017

SEOUL၊ သြဂုတ်လ (10) ရက် (Yonhap) – Chart မှာသရဖူဆောင်းနေတဲ့ နာမည်ကျော်အဆိုတော်အဖွဲ့ Wanna One နဲ့ သမ္ဘာရင့် idol အဖွဲ့ Girl’s Day တို့ဟာ နောက်လမှာကျင်းပပြုလုပ်မယ့် သြစတေးလျရဲ့ ပထမဆုံးသော ကိုရီးယားပေါ့ပ်တေးဂီတနဲ့ယဉ်ကျေးမှုပွဲတော်မှာ ပါဝင်ဖျော်ဖြေမှာဖြစ်ကြောင်း သြဂုတ်လ (10) ရက်နေ့မှာ ပွဲစီစဉ်သူတွေရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

အဆိုပါအဖွဲ့နှစ်ဖွဲ့ဟာ စက်တင်ဘာလ 22-23 ရက်နေ့၊ Sidney ရဲ့ Qudos Bank Arena မှာကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ KCON 2017 Australia မှာပါဝင်မှာဖြစ်ကြောင်း CJ E&M ကပြောကြားခဲ့ပါတယ်။ အဆိုပါပွဲရဲ့ပါဝင် ဖျော်ဖြေမယ့်သူစာရင်းမှာ UP10TION နဲ့အတူ EXO၊ Monsta X၊ Victon၊ Cosmic Girl၊ Pentagon နဲ့ SF9 တို့ဟာလည်း ပါဝင်ဖို့အတည်ပြုပြီးဖြစ်ပါတယ်။

Wanna One ဟာ Mnet ရဲ့လူရွေးပွဲရှိုး "Produce 101" မှာနောက်ဆုံးကျန်ရှိတဲ့ 11 ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် 11 ယောက်ပါ အမျိုးသားအဆိုတော်အဖွဲ့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ ကြိုတင်မှာယူမှုတွေကနေ တဆင့် ၎င်းတို့ EP ရဲ့ကော်ပီအချပ်ရေပေါင်း 500,000 ကျော်ရောင်းချခဲ့ရပြီး သြဂုတ်လ (7) ရက်နေ့တုန်းက ပါးစပ်အဟောင်းစားဖြစ်စေခဲ့တဲ့ပွဲဦးထွက်ဖျော်ဖြေမှုကို တင်ဆက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုတင်ထွက်ရှိခဲ့တဲ့သီချင်း “Energetic” ဟာ နာရီပိုင်းအတွင်း အဓိကထုတ်လွှင့်တင်ဆက်တဲ့တေးသီချင်း chart တွေမှာ သရဖူဆောင်းခဲ့တာဖြစ်ပါတယ်။

ရှစ်နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ Girl’s Day အဖွဲ့ကတော့ ယနေ့ခေတ်မှာ သမ္ဘာရင့်နေပြီဖြစ်ပေမယ့် တက်ကြွ လန်းဆန်းဆဲအမျိုးသမီးအဖွဲ့တွေအနက်ကတစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့လကထွက်ရှိခဲ့တဲ့ EXO ရဲ့လေးခွေမြောက် full-length အယ်လ်ဘမ် “The War” ဟာ လက်ရှိအချိန်အထိ ကော်ပီအချပ်ရေပေါင်း 950,000 ကျော်ရောင်းချထား ရပါတယ်။

နှစ်ရက်တာ K-pop ဖျော်ဖြေပွဲတွေအတွင်းမှာ တက်ရောက်လာသူတွေအတွက် တွေဆုံနှုတ်ဆက်ပွဲတွေ၊ K-pop အကသင်တန်းတွေနဲ့ ကိုရီးယားအစားအစာမြည်းစမ်းတဲ့ပွဲတွေပါ ပါဝင်မှာဖြစ်ပါတယ်။

(2012) ခုနှစ်က Irvine၊ California မှာစတင်ကျင်းပပြုလုပ်ခဲ့တဲ့ KCON ဟာ ကမ္ဘာတစ်ဝှမ်းက K-pop ပရိသတ်တွေအတွက် နှစ်စဉ်ကျင်းပတဲ့လှည့်လည်ဖျော်ဖြေပွဲတစ်ပွဲဖြစ်ပြီး ကျင်းပခဲ့တဲ့ငါးနှစ်တာကာလအတွင်း တက်ရောက်သူပေါင်း 350,000 ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မတ်လက မက္ကဆီကိုမြို့မှာ စတင်ကျင်းပခဲ့တဲ့ KCON ကို တိုကျို၊ နယူးယောက်နဲ့ လော့အိန်ဂျလိစ်မြို့တွေမှာလည်း ဒီနှစ်အတွင်း ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

(2017) ခုနှစ်၊ သြဂုတ်လ (7) ရက်နေ့က Seoul မြို့ Gocheok Sky Dome မှာကျင်းပပြုလုပ်တဲ့ ပွဲဦးထွက်မီဒီယာမိတ်ဆက်ပွဲအတွင်း စတိတ်စင်ပေါ်မှာဖျော်ဖြေနေတဲ့ အမျိုးသားအဖွဲ့ Wanna One ပုံ။ အဆိုပါအဖွဲ့ကို Mnet ရဲ့နောက်ဆုံးကျန်ရစ်သူတွေသာယှဉ်ပြိုင်ရတဲ့ပရိုဂရမ် “Produce 101 Season 2” ရဲ့ 2017 စီးရီးကနေ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။