Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

EXO ရဲ့အချပ်ရေသန်းချီရောင်းချရတဲ့ စတုတ္ထမြောက်အယ်လ်ဘမ်ဖြစ်ဖွယ်ရှိတဲ့ ‘The War’

Fri, Aug 18 2017

SEOUL၊ သြဂုတ်လ (10) ရက် (Yonhap) – EXO ရဲ့အယ်လ်ဘမ်အသစ် “The War” ဟာ ကော်ပီ အချပ်ရေပေါင်း 960,000 ရောင်းချခဲ့ရပြီး မကြာခင်အချိန်မှာ အဆိုပါ K-pop အမျိုးသားအဖွဲ့ရဲ့ အချပ်ရေသန်းချီ ရောင်းချရတဲ့ စတုတ္ထမြောက်အခွေဖြစ်လာနိုင်ချေရှိပါတယ်။

အဆိုပါအဖွဲ့ရဲ့စတုတ္ထမြောက် full-length အယ်လ်ဘမ်ရဲ့ ကိုရီးယား version နဲ့ တရုတ် version တွေဟာ ကော်ပီအချပ်ရေစုစုပေါင်း 959,417 ချပ်ရောင်းချခဲ့ရပြီး သြဂုတ်လ (10) ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ Gaon ရဲ့ လစဉ်အယ်လ်ဘမ် chart တွေရဲ့ပထမနဲ့ဒုတိယနေရာတွေမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ခွဲခြား ကြည့်လိုက်ရင်တော့ ကိုရီးယား version ဟာ အချပ်ရေပေါင်း 808,665 ချပ်ရောင်းချခဲ့ရပြီး တရုတ် version ကတော့ အချပ်ရေ 150,762 ချပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ရဲ့ "XOXO" (2013)၊ "Exodus" (2015) နဲ့ "Ex’Act" (2016) full-length အယ်လ်ဘမ် သုံးချပ်လုံးဟာ ၎င်းတို့ရဲ့ကိုရီးယား၊ တရုတ်နဲ့ အသွင်သစ်ထုပ်ပိုးထားတဲ့အယ်လ်ဘမ်တွေအပါအဝင် ကော်ပီ အချပ်ရေပေါင်း 1 မီလီယံကျော် ရောင်းချခဲ့ရတာဖြစ်ပါတယ်။

မထွက်ရှိလာသေးတဲ့ ပြန်လည်ထုပ်ပိုးထားတဲ့ version အပေါ်တွေးဆကြည့်ရရင် “The War” ဟာ ထွက်ရှိပြီးတဲ့ အယ်လ်ဘမ်သုံးချပ်ထက် 1 မီလီယံဆိုတဲ့မှတ်တိုင်ကို ပိုပြီးမြန်မြန်ကျော်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဇူလိုင် (19) ရက်နေ့မှာထွက်ရှိပြီးတဲ့နောက် အဆိုပါအယ်လ်ဘမ်ဟာ ပြည်တွင်းမှာရှိတဲ့ အမျိုးမျိုးသောတေးဂီတ chart တွေကိုလွှမ်းမိုးထားနိုင်တဲ့အပြင် ကမ္ဘာတစ်ဝှမ်းက iTunes အထွေထွေအယ်လ်ဘမ်တွေရဲ့ chart (42) ခုကျော်မှာပါ သရဖူဆောင်းနေခဲ့တာဖြစ်ပါတယ်။ အဆိုပါအခွေဟာ Billboard ရဲ့ World Albums chart ရဲ့ထိပ်ဆုံးနေရာမှာလည်း နှစ်ပတ်ဆက်တိုက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

S.M. Entertainment ကနေထုတ်ပြန်တဲ့ အမျိုးသားအဆိုတော်အဖွဲ့ EXO ပုံ (Yonhap)

sshim@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။