Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

EXO ရဲ့ လေးခွေမြောက်သန်းနဲ့ချီရောင်းချရတဲ့အယ်လ်ဘမ်ဖြစ်လာတဲ့ ‘The War’

Fri, Aug 18 2017

SEOUL၊ သြဂုတ်လ (14) ရက် (Yonhap) – EXO ရဲ့ “The War” ဟာ တစ်လမကြာတဲ့အချိန်အတွင်းမှာ ကော်ပီ (1) သန်းထက်ပိုမိုရောင်းချခဲ့ရပြီး ၎င်းတို့အဖွဲ့ရဲ့ လေးခွေမြောက် “သန်းနဲ့ချီရောင်းချရသော” အခွေဖြစ်လာခဲ့ တယ်လို့ ၎င်းတို့ရဲ့အေဂျင်စီက သြဂုတ်လ (14) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုရီးယားနဲ့တရုတ်ဗားရှင်းဖြစ်တဲ့ EXO ရဲ့လေးခွေမြောက် full-length အယ်လ်ဘမ်ဟာ စုစုပေါင်း ကော်ပီ (1.01) သန်းအထိရောင်းချခဲ့ရတယ်လို့ S.M.Entertainment ထံမှသိရှိရပါတယ်။

အဖွဲ့ရဲ့ယခင်ကထွက်ရှိခဲ့တဲ့ full-length အယ်လ်ဘမ်သုံးခွေဖြစ်တဲ့ “XOXO” (2013) ၊ “Exodus” (2015) နဲ့ “Ex’Act” (2016) တို့ဟာလည်း ကိုရီးယား၊ တရုတ်နဲ့ ပြန်လည်ထုပ်ပိုးထားတဲ့ဗားရှင်းတွေအတွက် ရောင်းချရတဲ့ အရေအတွက်တွေပါအပါဆိုရင် ကော်ပီပေါင်း 1 သန်းကျော်ရောင်းချခဲ့ရပါတယ်။

“အခွေထွက်တာတစ်လတောင်မပြည့်သေးဘဲ ကော်ပီပေါင်း (1) သန်းကျော်ရောင်းချရတဲ့အပေါ် ကျွန်တော်တို့ အနေနဲ့ တကယ့်ကိုပဲမယုံနိုင်အောင်ဖြစ်မိပါတယ်။ အားလုံးအတွက် ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုကျေးဇူးတင် ပါတယ်” လို့ EXO ကပြောကြားခဲ့ပါတယ်။

ဇူလိုင်လ (19) ရက်နေ့မှာထွက်ရှိခဲ့ပြီးနောက် အယ်လ်ဘမ်ဟာ အမျိုးမျိုးသော music chart တွေကို သိမ်းကျုံး သိမ်းပိုက်ခဲ့ပြီး ကမ္ဘာအဝှမ်းက iTunes အထွေထွေအယ်လ်ဘမ် chart တွေမှာလည်း (42) ကြိမ်ထက်မနည်း ရရှိအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ Billboard ရဲ့ World Albums chart မှာလည်း နှစ်ပတ်တိုင်တိုင် ထိပ်ဆုံးမှာရပ်တည်ခဲ့ပါသေးတယ်။

S.M Entertainment မှထုတ်ပြန်သည့် အမျိုးသားတေးဂီတအဖွဲ့ EXO ၏ဓာတ်ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။