Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စစ်မှုထမ်းဖို့ စစ်တပ်ထဲဝင်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသား Ji Chang-wook

Mon, Aug 21 2017

SEOUL၊ သြဂုတ်လ (14) ရက် (Yonhap) – သရုပ်ဆောင်မင်းသား Ji Chang-wook ဟာ ၎င်းရဲ့စစ်မှုထမ်းရ မယ့်တာဝန်အတွက် သြဂုတ်လ (14) ရက်နေ့က စစ်တပ်မှာစာရင်းသွင်းလိုက်ပြီဖြစ်ပါတယ်။

မိခင်နိုင်ငံမှာသာမက ဂျပန်မှာပါလူကြိုက်များတဲ့ အသက် (30) အရွယ်ငွေကြယ်ပွင့်ဟာ အမှန်တကယ်တာဝန် ထမ်းဆောင်ခြင်းမပြုမီမှာ ငါးပတ်ကြာအခြေခံလေ့ကျင့်ရေးသင်တန်းတက်ရောက်ဖို့အတွက် Gangwon စီရင်စု၊ Cheorwon ရှိ လေ့ကျင့်ရေးစခန်းကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားက ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းတဲ့အမျိုးသားအားလုံးဟာ နှစ်နှစ်ခန့်ကြာမြင့်တဲ့ စစ်မှုထမ်းတာဝန် ကို ပြီးမြောက်ထားဖို့လိုအပ်ပါတယ်။

2017 ခုနှစ်၊ သြဂုတ်လ (14) ရက်နေ့က Gangwon စီရင်စု၊ Cheorwon ရှိလေ့ကျင့်ရေးစခန်းရှေ့တွင် သတင်းထောက်များအား စစ်တပ်ပုံစံအတိုင်းအလေးပြုနေသည့် သရုပ်ဆောင်မင်းသား Ji Chang-wook (Yonhap)

ယနေ့မနက်အစောပိုင်းက လေ့ကျင့်ရေးစခန်း၏ပင်မဝင်ပေါက်ရှေ့တွင် စုရုံးရောက်ရှိနေကြသည့် နိုင်ငံတကာမှ ပရိသတ်များကို သူ့အနေနဲ့တွေခဲ့ရပါတယ်။

အနက်ရောင်တီရှပ်နဲ့ အနီရောင်ဦးထုပ်ကိုဆောင်းပြီးရောက်ရှိလာတဲ့ Ji ဟာ သတင်းထောက်တွေရဲ့ရှေ့မှာ စစ် တပ်ပုံစံအတိုင်းအလေးပြုခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ထွက်ခွာမှုအပေါ်အထူးပွဲမျိုးစီစဉ်ထားတာမရှိဘဲ စခန်းကိုဝင် မသွားမီ သူဟာ ပရိသတ်တွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပြီး “ကျေးဇူးတင်ပါတယ်” လို့ အတိုချုံးပြောခဲ့ပါတယ်။

Ji ဟာ 2014 MBC TV စီးရီး “Empress Ki” မှာ အဓိကနေရာကသရုပ်ဆောင်ခဲ့ခြင်းနဲ့အတူ ဂျပန်နဲ့ အခြားသော အာရှနိုင်ငံတွေမှာ နာမည်ကျော်ကြားလာခဲ့တာပါ။ စီးရီးပြီးသွားတဲ့နောက်မှာတော့ သူဟာ “Healer” ၊ “The K2” နဲ့ လတ်တလောထွက်ရှိထားတဲ့ “Suspicious Partner” စတဲ့ ရုပ်သံစီးရီးတွေမှာ ပါဝင်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသား Ji Chang-wook (Yonhap)

sshim@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။