Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

Oricon ရဲ့ Daily CD chart မှာထိပ်ဆုံးရောက်နေတဲ့ BLACKPINK ရဲ့ဂျပန်ဘာသာစကားနဲ့သီဆိုထားတဲ့ အယ်လ်ဘမ်

Fri, Sep 08 2017

SEOUL၊ သြဂုတ်လ (31) ရက် (Yonhap) – K-pop မိန်းကလေးအဖွဲ့ BLACKPINK ဟာ ဂျပန်နိုင်ငံရဲ့ တေး သီချင်းရောင်းချတဲ့အဓိကဇယားမှာ အိမ်နီးချင်းနိုင်ငံကိုဖြန့်ချိတဲ့ ၎င်းတို့ရဲ့ပထမဦးဆုံး EP အယ်လ်ဘမ်နဲ့ ထိပ်ဆုံး မှာရပ်တည်နေခဲ့တယ်လို့ ၎င်းတို့ရဲ့စီမံအုပ်ချုပ်မှုအေဂျင်စီက သြဂုတ်လ (31) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

“BLACKPINK” လို့အမည်ပေးထားတဲ့ အဖွဲ့ရဲ့ ဂျပန်ဘာသာစကားနဲ့ပွဲဦးထွက်အယ်လ်ဘမ်ဟာ သြဂုတ်လ (30) ရက်နေ့ ည (9) နာရီအချိန်မှာ Oricon ရဲ့ Daily CD အယ်လ်ဘမ်ဇယားမှာ နံပါတ် (1) နေရာကိုရောက်ရှိခဲ့တယ် လို့ YG Entertainment ကပြောကြားခဲ့တာပါ။

အဆိုပါအခွေဟာ ဂျပန်နိုင်ငံမှာ သြဂုတ်လ (30) ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းတွေထဲမှာ အဖွဲ့ရဲ့ နာမည်ကျော်ကြားတဲ့ သီချင်းတွေဖြစ်တဲ့ “Boombayah” ၊ “Whistle” နဲ့ “Playing With Fire” တို့ကို ကိုရီးယားနဲ့ ဂျပန်ဘာသာစကားတို့နဲ့ သီဆိုထားတဲ့ဗားရှင်းတွေလည်းပါဝင်ပါတယ်။ ၎င်းကို အခုအချိန်အထိ ကော်ပီပေါင်း (21,000) ရောင်းချထားရတယ်လို့ YG ကပြောကြားထားပါတယ်။

လွန်ခဲ့တဲ့နှစ်က K-pop မှာထွန်းတောက်လာတဲ့ အဆိုတော်လေးဦးအဖွဲ့ဟာ ယခုအခါဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ 2NE1 အဖွဲ့ပြီးတဲ့နောက် YG ရဲ့ခုနစ်နှစ်အတွင်း ပထမဦးဆုံးမိန်းကလေးအဖွဲ့ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့လက Tokyo ရဲ့ Budokan မှာ ဂျပန်ဘာသာစကားနဲ့ပွဲဦးထွက်သီဆိုမှုကို မိတ်ဆက်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကလည်း Tokyo ရဲ့ Ajinomoto Stadium မှာကျင်းပတဲ့ A-Nation မှာလည်း ဖျော်ဖြေခဲ့ ပါသေးတယ်။

YG Entertainment ကနေထုတ်ပြန်တဲ့ BLACKPINK ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.