Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(LEAD) စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်တော့မယ့် 2PM ရဲ့ Ok Taecyeon

Fri, Sep 08 2017

SEOUL၊ စက်တင်ဘာလ (4) ရက် (Yonhap) – အမျိုးသားအဆိုတော်အဖွဲ့ 2PM ရဲ့ အဆိုတော်-သရုပ်ဆောင် Ok Taecyeon ဟာ သူရဲ့စစ်မှုထမ်းတာဝန်ကို စက်တင်ဘာလ (4) ရက်နေ့မှာ စတင်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ ၎င်းရဲ့အေဂျင်စီက ဆိုပါတယ်။

“Ok Taecyeon ကတော့ Gyeonggi စီရင်စု၊ Goyang မှာရှိတဲ့ တပ်ခွဲ (9) ရဲ့လေ့ကျင့်ရေးစခန်းမှာ တာဝန်ကျစစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးခဲ့တာပါ” လို့ JYP Entertainment က ဆိုပါတယ်။ “စစ်တပ်ထဲ တိတ်တိတ်လေးဝင်ချင်တဲ့” သူ့ရဲ့ဆန္ဒအတိုင်း Ok ကို သူ့ရဲ့မိသားစုနဲ့အပြင် အပေါင်းအဖော် 2PM အဖွဲ့ဝင်တွေကပါ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

အသက် (29) နှစ်ရှိပြီဖြစ်တဲ့ အဆိုပါကြယ်ပွင့်ကတော့ သူ့ရဲ့အမေရိကန်ဂရင်းကတ်ကို စွန့်လွှတ်ခဲ့ပြီး တာဝန်ကျစစ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် သူ့ရဲ့ကျောရိုးဆစ်ကြားထဲက အရိုးနုလွှာ ဒါဏ်ရာကို ကုသမှုခံယူထားပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းတဲ့ အမျိုးသားတိုင်းဟာ နှစ်နှစ်နီးပါး စစ်မှုထမ်းတာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်ရတာဖြစ်ပါတယ်။

Ok ရဲ့ စစ်မှုမထမ်းခင် နောက်ဆုံးပြုလုပ်သွားတဲ့ အနုပညာလှုပ်ရှားမှုကတော့ ယခုလက်ရှိ OCN မှာ ထုတ်လွှင့် ပြသနေတဲ့ TV သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ “Save Me” မှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ ဘာသာရေးဆိုင်ရာဂိုဏ်းကွဲရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ သူ့ရဲ့ကောင်မလေးကို ကယ်တင်ဖို့အတွက် ဘာသာရေးဆိုင်ရာကျင့်စဉ်တစ်ခုကိုအသုံးပြုမယ့် လုပ်ရည်ကိုင်ရည်ရှိတဲ့ အထက်တန်းကျောင်းသား Han Sang-hwan အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

(2017) ခုနှစ်၊ စက်တင်ဘာလ (4) ရက်နေ့က တပ်ထဲမဝင်ခင် စစ်ကေညှပ်ထားတဲ့ Ok Taecyeon (ဝဲ) နဲ့အတူ ရိုက်ထားတဲ့ 2PM အဖွဲ့ဝင် Jun. K (ယာ) ရဲ့အင်စတာဂရမ်အကောင့်မှဓာတ်ပုံ (Yonhap)


odissy@yna.co.kr

Provided by Yonhap News.