Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဒုတိယမြောက် တစ်ကိုယ်တော်သီချင်းထွက်ရှိတော့မယ့် Girls’ Generation ရဲ့ Yoona

Mon, Sep 11 2017

SEOUL၊ စက်တင်ဘာလ (4) ရက် (Yonhap) – မိန်းကလေးအဆိုတော်အဖွဲ့ Girl Generation ရဲ့ Yoona ဟာ သူမရဲ့ဒုတိယမြောက်တစ်ကိုယ်တော်သီချင်းကို ယခုအပတ်အတွင်း ထုတ်ဝေသွားမှာဖြစ်တယ်လို့ သူမရဲ့ အေဂျင်စီက စက်တင်ဘာလ (4) ရက်နေ့က ဆိုပါတယ်။

အဆိုတော်ဟာ “You Are My Star” သီချင်းကို အဓိကတေးသီချင်းတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်တဲ့ ဝက်ဘ်ဆိုက်တွေမှာ စက်တင်ဘာလ (8) ရက်နေ့မှာဖြန့်ချိသွားမှာဖြစ်ကြောင်း S.M Entertainment က ဆိုပါတယ်။ ကုမ္ပဏီရဲ့ အပတ်စဉ်ဒစ်ဂျစ်တယ်ထုတ်ဝေမှု ပရောဂျက် ထုတ်လွှင့်ရုံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သီချင်းကတော့ ကိုရီးယားဘာသာအပြင်၊ တရုတ်ဘာသာနဲ့ပါ ဗားရှင်းနှစ်မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။

Girls’ Generation နဲ့ EXO တို့လိုမျိုး နာမည်ကြီး K-pop အနုပညာရှင်တွေကို စီမံခန့်ခွဲ့ပေးနေတဲ့ S.M Entertainment ဟာ အဆိုပါထုတ်လွှင့်ရုံကို (2016) ခုနှစ်၊ ဖေဖေါ်ဝါရီလက စတင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပရိုဂရမ်ရဲ့လက်အောက်မှာ ကုမ္ပဏီဟာ သောကြာနေ့တိုင်းမှာ သီချင်းအသစ်တစ်ပုဒ်ကိုဖွင့်ပြပြီး သူ့ရဲ့ အနုပညာရှင်တွေအပြင် တခြားကုမ္ပဏီက အနုပညာရှင်တွေပါ မကြာခဏပါဝင်ကာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေ နဲ့မဆိုင်တဲ့ တီထွင်ဖန်တီးမှုပရောဂျက်တွေကို တင်ဆက်ကြတာဖြစ်ပါတယ်။

Yoona ကတော့ Indie folk အဖွဲ့ 10cm ပါဝင်အားဖြည့်သီဆိုပေးထားတဲ့ “Deoksugung Stonewall Walkway” နဲ့အတူ ပြီးခဲ့တဲ့နှစ်က အဆိုပါထုတ်လွှင့်ရုံကနေ တစ်ကိုယ်တော်သီချင်းကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအဆိုတော်-သရုပ်ဆောင်ကတော့ MBC TV ရဲ့ အခန်းဆက် ဇာတ်လမ်းတွဲ “The King Loves” မှာ လက်ရှိပါဝင်သရုပ်ဆောင်နေပါတာဖြစ်ပါတယ်။ အဖွဲ့ရဲ့ (10) နှစ်ပြည့်မြောက်မှုအထိမ်းအမှတ်အနေနဲ့ ခြောက်ခွေ မြောက် full-length အယ်လ်ဘမ် “Holiday Night” ကို ပြီးခဲ့တဲ့လက ထုတ်ဝေခဲ့ပါတယ်။

odissy@yna.co.kr



S.M Entertainment ကနေထုတ်ပြန်တဲ့ Girls’ Generation ရဲ့ Yoona ပုံ (Yonhap)

Provided by Yonhap News.