Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(Yonhap Interview) Super Junior ရဲ့တစ်ကျော့ပြန်လာဖို့ ကြိုတင်ပြင်ဆင်မှုက အဆင်ပြေပါတယ်လို့ 2PM အဖွဲ့ဝင်တွေဆို

Tue, Sep 12 2017

JAKARTA၊ စက်တင်ဘာလ (5) ရက် (Yonhap) – အဖွဲ့ဝင် (11) ယောက်ပါဝင်တဲ့ အဖွဲ့အနေနဲ့ မဖြစ်မနေ ထမ်းဆောင်ရမယ့် စစ်မှုထမ်းတာဝန်တွေ ထမ်းဆောင်းထားပြီး အဖွဲ့ပြန်လည်လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အတွက် ကြိုတင်ပြင်ဆင်နေတာတွေက အဆင်ပြေပါတယ်လို့ K-pop အဖွဲ့ Super Junior ရဲ့အဖွဲ့ဝင်တွေက ဆိုပါတယ်။

“မနေ့ကတင်ပဲ ကျွန်တော် ကကွက်ဖန်တီးတာတွေကို အဖွဲ့ဝင်တွေနဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဖျော်ဖြေပွဲကျင်းပသွားဖို့ စီစဉ်နေပါတယ်” လို့ Super Junior အဖွဲ့ဝင် Donghae က စက်တင်ဘာလ (4) ရက်နေ့က Jakarta မှာ ပြုလုပ်ခဲ့တဲ့ Yonhap News Agency ရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အဆိုပါငွေကြယ်ပွင့်ဟာ အရောင်းမြှင့်တင်ရေးဆိုင်ရာသံတမန်အဖြစ် Korea Trade-Investment Promotion Agency (KOTRA) က ကြီးမှူးကျင်းပခဲ့တဲ့ Korea Brand & Entertainment Expo 2017 ကို တက်ရောက်နိုင်ဖို့ အတွက် အဖွဲ့ဝင် Eunhyuk နဲ့အတူ အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Super Junior၊ subunit team D&E ရဲ့ နှစ်ယောက်တွဲ အဆိုတော်နှစ်ဦးကတော့ နှစ်နှစ်နီးပါးကြာတဲ့ သူတို့ရဲ့ စစ်မှုထမ်းတာဝန်ကို ပြီးခဲ့တဲ့ဇူလိုင်လကမှ ပြီးစီးခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်အများအပြားက စစ်မှုထမ်းတာဝန် မပြီးသေးတာကြောင့် အောက်တိုဘာလမှာဖြန့်ချိမယ့် အယ်လ်ဘမ်အသစ်နဲ့အတူ အဖွဲ့ဝင်ခုနှစ်ဦးအဖြစ် Super Junior မှ ပွဲထွက်လာမှာ ဖြစ်ပါတယ်။



KOTRA က ထုတ်ပြန်တဲ့ (2017) ခုနှစ်၊ စက်တင်ဘာလ (4) ရက်နေ့က Jakarta မှာ ကျင်းပခဲ့တဲ့ Korea Brand & Entertainment Expo 2017 မှာ ဓာတ်ပုံအရိုက်ခံနေတဲ့ K-pop အဖွဲ့ Super Junior ရဲ့ Donghae (ဝဲ) နဲ့ Eunhyuk တို့ပုံ။ တောင်ကိုရီးယားရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြည်ပနိုင်ငံတွေဆီ မိတ်ဆက်ပေးရာမှာ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ကုန်သွယ်ရေးဝန်ကြီးဌာနထံကနေ ဂုဏ်ပြုဆုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ (Yonhap)


အဖွဲ့ဝင်တစ်ဝက်လောက်နဲ့ ပွဲထွက်လာတာကြောင့် ပရိသတ်တွေအတွက် ပြီးပြည့်စုံမှုမရှိတဲ့ ခံစားမှုမျိုးမဖြစ်စေဖို့ အစွမ်းကုန်ကြိုးစားထားပါတယ်လို့ဆိုရင်း “အဖွဲ့ဝင်တွေနဲ့ (ပြန်လည်ပွဲထွက်လာဖို့) ကျွန်တော် အများကြီး ဆွေးနွေးခဲ့ပြီး အချိန်တော်တော်များများမှာလည်း အတူတူရှိနေခဲ့တာပါ။ သေသေချာချာပြင်ဆင်ထားတဲ့အတွက် အဆင်ပြေမယ်ထင်ပါတယ်” လို့ Donghae က ပြောသွားခဲ့ပါတယ်။

အချိန်အကြာကြီးအားပေးလာတဲ့ ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်စေမယ့်အရာတစ်ခုကို ကျွန်တော်တို့ အဖွဲ့ပြင်ဆင်နေပြီး “အဲ့ဒါကတော့ ပရိသတ်တွေအချိန်အကြာကြီး စောင့်စားနေပြီး အချိန်အတော်ကြာပြီးမှ ထွက်လာမယ့် အယ်လ်ဘမ်အသစ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအယ်လ်ဘမ်မှာတော့ စတင်ပြင်ဆင်တဲ့အချိန်ကနေ အခုအချိန်ထိ အသေးစိတ်ဂရုစိုက်ပြီး ပြင်ဆင်ထားပါတယ်” လို့ Eunhyuk က ပြောသွားပါတယ်။

ဂီတအပြင်၊ အခြားဖျော်ဖြေရေးနယ်ပယ်တွေမှာပါ စွယ်စုံရကြယ်ပွင့်တွေအဖြစ်နဲ့ Super Junior အဖွဲ့ဝင်တွေက အောင်မြင်မှုတွေရရှိထားပါတယ်။ Siwon ကတော့ တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်မင်းသား တစ်ဦးအဖြစ် စွမ်းဆောင်နိုင်ချိန်မှာ Heechul ကလည်း စကားပြောရသစုံလင် TV circuit မှာ ယနေ့ခေတ်ရဲ့ လူကြိုက်အများဆုံး အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်လာပါတယ်။ ဒီလိုမျိုးအစဉ်အလာတွေကတော့ ဆက်လက်ရှိနေဦးမှာပါ။

“တခြားအဖွဲ့ဝင်တွေက TV ရသစုံလင်ရှိုးပွဲအများအပြားမှာ ပါဝင်နေချိန်မှာ၊ Siwon ကတော့ စစ်မှုထမ်းဆောင်ပြီး ချက်ခြင်းပဲ ဒရာမာဇာတ်လမ်းအသစ်ရိုက်ကူးမှုမှာ စတင်သရုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ မတူကွဲပြားတဲ့ အနုပညာလှုပ်ရှားမှုကို အရင်တုန်းကလိုမျိုး လူသိရှင်ကြားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့” Eunhyuk က ဆိုပါတယ်။

အထူးသဖြင့် အရှေ့တောင်အာရှမှာ K-pop ရဲ့အားသာချက်ကို မေးတဲ့အခါမှာ၊ အနုပညာအရည်အသွေးနဲ့ ဖျော်ဖြေမှုတွေက “အပြစ်ဆိုဖွယ်မရှိလောက်အောင်ကောင်းနေလို့ဖြစ်မှာပါ” လို့ Eunhyuk ကမှတ်ချက်ပေးခဲ့ ပါတယ်။

“တခြားပေါ့ပ်အနုပညာလှုပ်ရှားမှုတွေနဲ့နှိုင်းယှဉ်ရင်၊ K-pop က စင်မြင့်ဖျော်ဖြေမှုမှာ စင်းလုံးချောဖျော်ဖြေမှု အရည်အသွေးကို ချပြလေ့ရှိတယ်လေ။ အဲ့ဒီအချက်ကပဲ အရှေ့တောင်အာရှပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တာဖြစ်မှာပါ” လို့ Eunhyuk က ဆိုပါတယ်။ ကိုယ်တိုင်အရည်အချင်းရှိတဲ့ တိုးပွားလာတဲ့ ပါရမီရှင်တွေကလည်း သူတို့ရဲ့တမူထူးခြားတဲ့အမြင်နဲ့ စတိုင်လ်တွေသုံးပြီး သူတို့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေကို ဖော်ပြကြပါတယ်လို့ အဆိုတော်က သူ့အမြင်ကိုပြောပြသွားခဲ့ပါတယ်။

အခုဆိုရင်အဖွဲ့ပွဲထွက်လာတာ (12) နှစ်ရှိပြီဖြစ်တဲ့အတွက် တစ်ခါတစ်လေအခုလိုအောင်မြင်နေတာကို ယုံတောင်မယုံနိုင်ပါဘူးလို့ အဖွဲ့ရဲ့အဆိုတော်တွေက ဆိုပါတယ်။

“ကျွန်တော်တို့ Super Junior ဆိုပြီး သီချင်းတွေစလုပ်တုန်းကဆို ကျွန်တော်တို့လုပ်ချင်တာကိုပဲလုပ်နေခဲ့တာ။ ဒါပေမယ့် ကိုရီးယားအနုပညာတွေ ခေတ်စားလာပြီး ပရိသတ်တွေရဲ့အချစ်တွေအများကြီးလက်ခံရရှိပြီးမှာတော့ ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကို တစ်ခါတစ်လေယုံတောင်မယုံနိုင်ပါဘူး” လို့ Eunhyunk ကဆိုပါတယ်။

ကိုယ့်နိုင်ငံဂုဏ်တက်အောင် စွမ်းဆောင်နိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအနေနဲ့ ကျေနပ်မိပါတယ်လို့ Donghae ကလည်းဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။

“နောက်ထပ်အောင်မြင်မှုတွေရလာပြီး အကောင်းဘက်ကနေလွှမ်းမိုးမှုရှိနိုင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။”

odissy@yna.co.kr

Provided by Yonhap News.