Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

‘DEMO_01’ ကနေတဆင့် ဖန်တီးမှု၊ ယုံကြည်သက်ဝင်မှုအားကောင်းကောင်းနဲ့ ပြန်လည်စတင်လာတဲ့ Pentagon

Wed, Sep 13 2017

SEOUL၊ စက်တင်ဘာလ (6) ရက် (Yonhap) – (2016) ခုနှစ်၊ အောက်တိုဘာလမှာ ကနဦးပွဲဦးထွက် မိတ်ဆက်ခဲ့တဲ့ Cube Entertainment ရဲ့ idol အဖွဲ့ Pentagon အတွက် ပြီးခဲ့တဲ့နှစ်ကတော့ ရိုလာကိုစတာခပ်ကြမ်းကြမ်း စီးလိုက်ရသလိုပါပဲ။ အဆိုပါအဖွဲ့ရဲ့အဖွဲ့ဝင်နှစ်ဦးက အဆိုတော် HyunA နဲ့အတူ Triple H ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းထားတဲ့အချိန်မှာ အဖွဲ့အနေနဲ့ EP အယ်လ်ဘမ်သုံးခွေထွက်ရှိခဲ့ပါတယ်။ ယခုနှစ်နွေရာသီရဲ့အပေါက်ဆုံးသီချင်းလို့ဆိုရမယ့် Wanna One သီဆိုထားတဲ့ “Energetic” ကိုလည်း Pentagon အဖွဲ့ဝင် Hui ကရေးစပ်သီကုံးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Pentagon ကတော့ သူ့ရဲ့လတ်လတ်ဆတ်ဆတ်ရရှိထားတဲ့ဂုဏ်ပုဒ်ကောင်းရဲ့အောင်မြင်မှုထဲမှာပဲ မပျော်မွေ့နေပါဘူး။ "DEMO_01" လို့ထိုးနှက်အားပြင်းပြင်းနဲ့နာမည်ပေးထားတဲ့ သူတို့ရဲ့ EP အသစ်ကနေ တဆင့် Pentagon ကိုစိတ်အားတက်တက်ကြွကြွနဲ့ပြန်လည်စတင်ဖို့အတွက် သူတို့ရဲ့ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ မူလပုံစံတွေဆီ တစ်ဖွဲ့လုံးတစ်ကျော့ပြန်ခဲ့ကြောင်းကို အဖွဲ့ဝင် (10) ဦးပါ အဆိုပါအဖွဲ့က စက်တင်ဘာလ (6) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Seoul မြို့အရှေ့ပိုင်း၊ Yes24 Live Hall မှာကျင်းပတဲ့ အဖွဲ့ရဲ့စတုတ္ထမြောက်မီနီအယ်လ်ဘမ် “DEMO_01” ထွက်ရှိမှုအတွက် (2017) ခုနှစ်၊ စက်တင်ဘာလ (6) ရက်နေ့မှာပြုလုပ်တဲ့ မီဒီယာမိတ်ဆက်ပွဲမှာ ဖျော်ဖြေ တင်ဆက်နေတဲ့ အမျိုးသားအဖွဲ့ Pentagon (Yonhap)

“ဒီအယ်လ်ဘမ်ကတော့ ကျွန်တော်တို့ဘာသာကျွန်တော်တို့ဖန်တီးထားတဲ့ဂီတတွေနဲ့ ပြည့်နှက်နေတဲ့ အယ်လ်ဘမ်တစ်ချပ်ပါပဲ။ ကျွန်တော်တို့ရဲ့ (လန်းဆန်းတက်ကြွတဲ့) တာထွက်ကိုဖော်ပြဖို့အတွက် ‘DEMO_01’

ဆိုတဲ့နာမည်ကို မဲပေးခဲ့ကြတာပါ။ ဂီတလမ်းမထက်မှာချပြလိုက်တဲ့ ကျွန်တော်တို့ဘာသာကျွန်တော်တို့ ထုတ်လုပ်လိုက်တဲ့သီချင်းတွေအတွက် ဒါဟာ ကောင်းမွန်တဲ့စမှတ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ အဖွဲ့ဝင် Jinho က Seoul မြို့အရှေ့ပိုင်း၊ Yes24 Live Hall မှာကျင်းပပြုလုပ်တဲ့ မီဒီယာမိတ်ဆက်ပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Hui နဲ့ FlowBlow အဖွဲ့တို့ရေးစပ်ထုတ်လုပ်ထားတဲ့ “Like This” ဆိုတဲ့သီချင်းဟာ ယနေ့ခေတ် အရွယ်ရောက်ပြီးသားလူငယ်တွေ သူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုမမှုဘဲ အိမ်မက်တွေကို အကောင်ထည် ဖော်ဖို့ အခြေခံရေးစပ်ထားတဲ့ အပျော့စား EDM သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

“ဒါဟာ ကျွန်တော်တို့ (လူငယ်တွေ) ကျော်လွှားနေကြရတဲ့အကြောင်းဖြစ်ပြီး လူငယ်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်” လို့ Hui ကပြောကြားခဲ့ပါတယ်။

အဆိုပါ EP မှာပါဝင်တဲ့တခြားသီချင်းလေးပုဒ်ကိုလည်း အဖွဲ့ဝင်တွေကရေးစပ်သီကုံးထားတာဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲလုစဲစဲအခြေအနေအကြောင်းရေးစပ်ထားတာဖြစ်တဲ့ “Just Until Today” သီချင်းကို Jinho ကရေးဖွဲ့ထားတာဖြစ်ပြီး “It’s Over” ကိုတော့ Kino ကသီကုံးဖွဲ့ဆိုထားတာဖြစ်ပါတယ်။

၎င်းတို့ရဲ့တတိယမြောက် EP “Ceremony” ကိုဇွန်လမှာထွက်ရှိပြီးတဲ့နောက် အဆိုပါအဖွဲ့ဟာ အဖွဲ့သစ်တစ်ဖွဲ့ အနေနဲ့ ပရိသတ်တွေနဲ့တွေ့ဆုံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ Osaka နဲ့ Tokyo မြို့တွေဆီ နယ်လှည့်ခရီးစဉ်သွားရောက်ခဲ့ပါသေးတယ်။

“ကျွန်တော်တို့ နှစ်လလောက် နားရက်ရခဲ့ပေမယ့် ဖျော်ဖြေပွဲတချို့မှာတော့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနှစ်ဆင့်မြင့်မားလာတယ်လို့ထင်ပါတယ်” လို့ Hui ကပြောကြားခဲ့ပါတယ်။ ဂျပန်လူမျိုးအဖွဲ့ဝင် Yuto ကလည်း နားရက်အတွင်း သူ့ရဲ့ကိုရီးယားဘာသာစကားစွမ်းရည်တိုးတက်လာစေဖို့ ကြိုးစားလေ့လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Seoul မြို့အရှေ့ပိုင်း၊ Yes24 Live Hall မှာကျင်းပတဲ့ အဖွဲ့ရဲ့စတုတ္ထမြောက်မီနီအယ်လ်ဘမ် “DEMO_01” ထွက်ရှိမှုအတွက် (2017) ခုနှစ်၊ စက်တင်ဘာလ (6) ရက်နေ့၊ Seoul မြို့မှာမှာပြုလုပ်တဲ့ မီဒီယာမိတ်ဆက်ပွဲမှာ ကင်မရာတွေကို ကိုယ်ဟန်ပြနေတဲ့ အမျိုးသားအဖွဲ့ Pentagon (Yonhap)

odissy@yna.co.kr

Provided by Yonhap News.