Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

Seoul Int’l Drama Awards မှာ ဆုနှစ်ဆုဆွတ်ခူးခဲ့တဲ့ ‘Love in the Moonlight’

Wed, Sep 13 2017

SEOUL၊ စက်တင်ဘာလ (8) ရက် (Yonhap) – KBS 2 TV ရဲ့ “Love in the Moonlight” ဟာ ယခုနှစ်ရဲ့ Seoul International Drama Awards (SDA) မှာဆုနှစ်ဆုဆွတ်ခူးခဲ့ပေမယ့် အဆိုပါနှစ်စဉ်ကျင်းပတဲ့ပွဲကတော့ လက်ရှိဖြစ်ပွားနေတဲ့ အလုပ်သမားဆန္ဒပြမှုရဲ့လောင်းရိပ်အောက်ရောက်နေခဲ့ပါတယ်။

ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ Seoul မြို့ရဲ့ Yeouido မှာရှိတဲ့ KBS Hall မှာ စက်တင်ဘာလ (7) ရက်နေ့ ည (7) နာရီမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ဖို့စီစဉ်ခဲ့ပေမယ့် ကွန်ယက်လည်ပတ်ဖို့ ဝန်ထမ်းမလုံလောက်တဲ့အတွက် ဖျက်သိမ်းခဲ့ရပါတယ်။ အဆိုပါအခမ်းအနားကို စက်တင်ဘာလ (12) ရက်နေ့ သန်းခေါင်ယံအချိန်မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

NBC မှာ Dan Fogelman က ဖန်တီးတင်ဆက်တဲ့ အမေရိကန် TV စီးရီးတစ်ခုဖြစ်တဲ့ “This is Us” က အကောင်းဆုံးအစီအစဉ်ဆုကို လက်ခံရရှိခဲ့ပါတယ်။ ဂျာမန်ဒရာမာ “Redemption Road” က အကောင်းဆုံး TV ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံဒရာမာ “Please Love Me” ကတော့ အကောင်းဆုံး အခန်းဆက်ဇာတ်လမ်းတိုဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

“Detective Anna” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုရှားမင်းသမီး Aleksandra Nikiforova က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို လက်ခံရရှိခဲ့ပြီး “Hearth of the City” မှ တူရကီသရုပ်ဆောင်မင်းသား Kerem Bursin က အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

“Strong Woman Do Bong-soon” ရဲ့ ကိုရီးယားသရုပ်ဆောင်တွေဖြစ်တဲ့ Park Bo-gum နဲ့ Park Bo-young တို့နှစ်ဦးစလုံးကတော့ hallyu အမျိုးအစားမှာ အကောင်းဆုံးမင်းသား၊ မင်းသမီးဆုကို အသီးသီးလက်ခံရရှိ ခဲ့ပါတယ်။

Seoul International Drama Awards စီစဉ်သူကနေထုတ်ပြန်တဲ့ (2017) ခုနှစ်၊ စက်တင်ဘာလ (7) ရက်နေ့ ဆိုးလ်မှာကျင်းပခဲ့တဲ့ အခမ်းအနားတက်ရောက်လာသူတွေရဲ့ ဓာတ်ပုံ (Yonhap)

jaeyeon.woo@yna.co.kr

Provided by Yonhap News.