Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ပိုတန်လို့လား ဒါမှမဟုတ် အရှက်မရှိငွေတွေသိမ်းယူနေတာလားလို့ မေးရမယ့် ပြန်လည်စုစည်းမှုအယ်လ်ဘမ်

Thu, Sep 14 2017

SEOUL၊ စက်တင်ဘာလ (10) ရက် (Yonhap) – K- pop idol တွေရဲ့ အမာခံပရိသတ်ဆိုတဲ့ ဝါသနာ က ပေါပေါပဲပဲတော့ မဟုတ်ပါဘူး၊ သားနားလှပတဲ့ ဓာတ်ပုံစာစောင်တွေပါတဲ့ အယ်လ်ဘမ်တွေ၊ ကြော်ငြာ လုပ်ငန်းနဲ့ ဖျော်ဖြေပွဲတွေအတွက် မပြီးဆုံးနိုင်တဲ့ ပံ့ပိုးပေးနေရတာတွေ ရှိနေတတ်ပါတယ်။ အဲ့ဒါတွေအပြင် အမြဲတမ်းလိုလို နာမည်ကြီး idol အဖွဲ့တွေရဲ့ မေတ္တာလက်ဆောင်တွေနဲ့ ပြန်ထုတ်ထားတဲ့ အယ်လ်ဘမ်တွေလဲ ရှိပါသေးတယ်။

အဲ့ဒီလိုမျိုး ပြန်လည်ပေါင်းစည်းမှုအယ်လ်ဘမ်တွေ ထုတ်လုပ်တာကို (2000) ခုနှစ် ကျော်ကျော်လောက်ထဲက စတင်ခဲ့ပြီး K-pop ဂီတရပ်ဝန်းရဲ့ ထုံးစံလိုဖြစ်လာခဲ့ပါတယ်။ ထွက်ပြီးသားအယ်လ်ဘမ်ကိုပဲ ပြန်လည်စုစည်းပြီး ထုတ်ဝေတာတွေထဲက အောင်မြင်မှုရခဲ့တာကတော့ (2013) ခုနှစ်က ထွက်ရှိထားတဲ့ Loveholics ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ပဲဖြစ်ပါတယ်။ ကနဦးအယ်လ်ဘမ် “Florish” က ခြောက်လစောပြီး ထွက်လာပြီးနောက် ခြောက်လ အကြာ အောက်တိုဘာလမှာ ပြန်လည်စုစည်းမှု အယ်လ်ဘမ် “Re_all Florist” ထပ်မံထွက်လာတာပဲ ဖြစ်ပါ တယ်။

Idol အဖွဲ့တွေရဲ့ ထုံးစံအတိုင်း ထပ်မံထုတ်ထားတဲ့ အယ်လ်ဘမ်မှာတော့ အများအားဖြင့် အသစ်စက်စက် ပြန် လည်ထုတ်ပိုးမှုနဲ့ သီချင်းအသစ်အချို့ ပါဝင်ပါတယ်။ အဖွဲ့ဝင် အဆိုတော်တွေရဲ့ စုစည်းမှုကတ်တွေ ကဲ့သို့သော ဓာတ်ပုံအသစ်တွေနဲ့ အမှတ်တရပစ္စည်းစုစည်းပြီး ဖြည့်စွက်ထားပါတယ်။ ရုပ်ပြစာအုပ် စူပါဟီးရိုးတွေလိုမျိုး စိတ်ကူးစိတ်သန်းတွေကို ကိုးကားထားပြီး S.M Entertainment မှ EXO အဖွဲ့ရဲ့ ပြန်လည်စုစည်းမှုအခွေ “The War. The Power of Music” အတွက် လုံးဝအသစ်ဖြစ်တဲ့ ဖန်တီးမှုတွေနဲ့ ပြန်လည် ဆန်းသစ်ထားပါတယ်။

S.M. Entertainment ထံမှရရှိသော အခွေအသစ်ဖြစ်တဲ့ “The War. The Power of Music” အယ်လ်ဘမ် အတွက် ဓာတ်ပုံအရိုက်ခံနေသည့် အမျိုးသားအဖွဲ့ EXO ၏ဓာတ်ပုံ (Yonhap)

ယေဘူယျအားဖြင့် မူလသီချင်းအယ်လ်ဘမ်ထဲမှာ သီချင်းအသစ် သုံးပုဒ်၊ ဒါမှမဟုတ် လေးပုဒ်လောက်ပဲ ထပ် ထည့်ထားတာဖြစ်ပါတယ်။ ပြန်လည်စုစည်းမှုအယ်လ်ဘမ်တွေက အဖွဲ့တွေအတွက် မီဒီယာကြော်ငြာတွေနဲ့ ပိုမို လူသိများဖို့အတွက် ထိရောက်တဲ့အခွင့်အရေးတွေပေးပါတယ်။ ပြီးခဲ့တဲ့လကမှ ထွက်ထားတဲ့ အဖွဲ့ရဲ့ ငါးခွေမြောက် EP အယ်လ်ဘမ်ရဲ့ ပြန်လည်စုစည်းမှုအယ်လ်ဘမ်ဖြစ်တဲ့ “Rainbow” မှာပါဝင်တဲ့ သီချင်း အသစ်တွေထဲက လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Summer Rain” နဲ့အတူ GFriend အဖွဲ့မှ သူတို့ရဲ့ မီဒီယာကျော်ကြားမှုကို ပြန်လည်ဆန်းသစ်သွားမှာ ဖြစ်ပါတယ်။

အယ်လ်ဘမ်ထုတ်ဝေမှု အခြေအနေတွေအရတော့ ပြန်လည်စုစည်းမှုအယ်လ်ဘမ်တွေက ကနဦးအယ်လ်ဘမ် ထုတ်ထားပြီးနောက် နှစ်လကနေ သုံးလကာလအတွင်း သာမန်အားဖြင့် ထွက်လာလေ့ရှိပါတယ်။ အဲ့ဒါတွေက အဖွဲ့အသီးသီးရဲ့သီချင်းတွေအတွက် ဆက်တိုက်ကြော်ငြာမှုတွေကို တစ်ထပ်တည်းကျစေပါတယ်။ တစ်ချို့ အဖွဲ့တွေကလည်း ပြန်လည်စုစည်းမှုအယ်လ်ဘမ်မှာသာရနိုင်တဲ့ သီချင်းအသစ်ကို ကြော်ငြာပြီး အယ်လ်ဘမ်တွေကို ထိထိရောက်ရောက် ထုတ်ဝေနေကြပါတယ်။

မေတ္တာလက်ဆောင်သီချင်းတွေနဲ့အတူ အယ်လ်ဘမ်ကို ထပ်မံရိုက်နှိပ်ထုတ်ဝေတာက အနုပညာကို အမှန် တကယ်ချပြချင်တဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘဲ အကျိုးအမြတ်ရဖို့သက်သက်ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။ ထွက်ရှိပြီးသားအယ်လ်ဘမ်အပေါ်မှာပဲ ဖြည့်စွက်ပါဝင်မှုကို ထုတ်ဝေခြင်းက ဂီတလောက ဒါမှမဟုတ် K-pop မှာတော့ သေချာပေါက် ကန့်သတ်ထားမှာ မဟုတ်ပါဘူး။ နာမည်ကျော် ဗီဒီယိုဂိမ်း စတူဒီယိုတွေကလည်း ကနဦးဖန်တီးမှုတွေထုတ်ဝေပြီးမှပဲ နောက်ထပ်ဒေါင်းလုပ်ဆွဲလို့ရတဲ့ ဖိုင်တွေကို ဖြန့်လေ့ရှိပါတယ်။ ဂိမ်းနှစ်သက် သူတွေအနေနဲ့ ထပ်တိုးဖိုင်တွေကို ထည်ြ့ပီးကစားဖို့အတွက် ဂိမ်းတစ်ခုလုံးကြီးကို ဝယ်စရာမလိုတာကတော့ အဓိကကျတဲ့အချက်ပါ။

အခွေတွေရဲ့ ရောင်းအားကျဆင်းမှု အဓိကဖြစ်စေတဲ့ တိုက်ရိုက်နားဆင်မှုကို ဦးတည်ထားတဲ့ ဂီတဝယ်ယူ အားပေးမှုရဲ့ အဓိကအချက်အဖြစ် K-pop ရဲ့အယ်လ်ဘမ်ပြန်လည်စုစည်းမှု ခေတ်ရေစီးကြောင်းက ပို ကျယ်ပြန့်လာပါတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ စီဒီခွေရောင်းအားကနေ လျော့နည်းလာတဲ့ ဝင်ငွေ တွေကို ဖျစ်ညှစ်စုစည်းပြီး၊ သူတို့ရဲ့ idol တွေနဲ့ ပတ်သက်သမျှအရာအားလုံးအတွက် ငွေကြေးတတ်နိုင် သလောက် ဝယ်ယူအားပေးဖို့ပြင်ဆင်ထားတဲ့ ရှေးရိုးစွဲပရိသတ်တွေထံမှ အကျိုးအမြတ်များများရဖို့ ဖန်တီးပြီး သားသီချင်းတွေကို ပြန်လည်ထုတ်ဝေရာမှာ လေဘယ်လ်တွေက အရေးပါပါတယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။

သီချင်းထုတ်ဝေသူမှ ပေးပို့ထားတဲ့ K-pop အမျိုးသမီးအဖွဲ့ GFriend ရဲ့ မကြာခင်ထွက်ရှိမယ့် ပြန်လည်စုစည်းမှု အယ်လ်ဘမ် “Rainbow” ရဲ့ ကြော်ငြာဓာတ်ပုံ (Yonhap)

“လူတော်တော်များများက သီချင်းတွေကို အင်တာနက်ကပဲ တိုက်ရိုက်နားဆင်လာကြတော့ CD ခွေတွေက သီချင်းစုဆောင်းသူတွေအတွက် သီးသန့် သို့မဟုတ် အမှတ်တရစုစည်းမှုသက်သက်အတွက်ပဲ ဖြစ်လာတယ်” လို့ ဂီတဝေဖန်ရေးသမား Im Jin-mo က ဆိုပါတယ်။ “အခြေခံအားဖြင့်တော့ ဒါက ပရိတ်သတ်စစ်စစ်တွေကို အားထားပြီး ရောင်းအားမြှင့်ဖို့ ရည်ရွယ်ထားတဲ့ ဈေးကွက်လှည့်ကွက်ပါ” လို့ Im က ဖြည့်စွက်ပြောသွားပါတယ်။

ရောင်းအား ကိန်းဂဏန်းတွေကို အထိခိုက်မခံနိုင်တဲ့ ဈေးကွက်ထဲမှာ အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်တွေကို ကွန့်ညွန့်သွားအောင် တန်ဆာဆင်ဖို့အတွက် အဆင့်ဆင့်ထုတ်ဝေမှု ပြုလုပ်ကြပါတယ်။ EXO ရဲ့ ထွက်ရှိပြီးသား အယ်လ်ဘမ်လေးခုက “သန်းချီရောင်းချနိုင်ခဲ့ပါတယ်” လို့ S.M. Entertainment က ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပရိသတ်နဲ့ ဆက်ဆံရေးမှာ ထိထိရောက်ရောက်ဖြစ်စေဖို့ မူလအယ်လ်ဘမ်နဲ့ ပြန်ထုတ်ထားတဲ့ အယ်လ်ဘမ်တွေအတွက် ရောင်းအားကိန်းဂဏန်းတွေအား အဆိုပါအသံသွင်းတဲ့ကုမ္ပဏီတွေက ပေါင်းစည်းလို တာကို သူတို့ရဲ့ဆောင်ရွက်ပုံတွေ သတိထားပြီးဖတ်ရှုမှသာ နားလည်နိုင်မှာဖြစ်ပါတယ်။

ပြန်လည်စုစည်းမှုအယ်လ်ဘမ်တွေ ထုတ်တာကို အားပေးသူ idol ပရိသတ်နဲ့ အတွင်းလူတွေက အခုလို ထုတ်ဝေတာဟာ သိသိသာသာထိုးကျနေတဲ့ အပြင်လောကစီဒီခွေဈေးကွက်ကို ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့အချက်ကို တက်ညီလက်ညီငြင်းဆိုခဲ့ကြပါတယ်။ ထပ်မံထုတ်ဝေတာက CD ခွေ ထွက် လာတုန်းက မဝယ်ဖြစ်ခဲ့တဲ့လူတွေအတွက် ပိုတန်တဲ့ဖန်တီးမှုတွေတောင်ပေးပါသေးတယ်လို့ သူတို့ကဆိုပါ တယ်။

“ပြီးခဲ့တဲ့လက GFriend ရဲ့ အခွေသစ်ကို နားမထောင်ခဲ့ရဘူးလေ။ ထပ်မံထုတ်ဝေမှုမှာ သီချင်းတွေပိုပါလာပြီး ဖန်တီးမှုတွေပိုကောင်းလာတယ်ဆိုရင်တော့ တစ်ခွေလောက်တော့ မဝယ်ဘဲနေနိုင်မှာမဟုတ်ပါဘူး” လို့ Seoul မြို့က ရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

odissy@yna.co.kr

Provided by Yonhap News.