Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

မြောက်အမေရိကမှာ နယ်လှည့်ဖျော်ဖြေပွဲကျင်းပဖို့ကြေငြာလိုက်တဲ့ တောင်ကိုရီးယားအဆိုတော်အဖွဲ့ Hyukoh

Thu, Sep 14 2017

SEOUL၊ စက်တင်ဘာလ (7) ရက် (Yonhap) – တောင်ကိုရီးယားနာမည်ကျော်အင်ဒီရော့ခ်အဖွဲ့ Hyukoh ဟာ မြောက်အမေရိက မြို့ကြီးရှစ်မြို့မှာကျင်းပပြုလုပ်မယ့် နယ်လှည့်ဖျော်ဖြေပွဲကို စတင်တော့မှာဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့စီမံခန့်ခွဲမှုအေဂျင်စီက စက်တင်ဘာလ (7) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါအဖွဲ့ဟာ ၎င်းဖျော်ဖြေရေးခရီးစဉ်ကို စက်တင်ဘာလ (8) ရက်နေ့ (ဒေသစံတော်ချိန်) Toronto မှာရှိတဲ့ The Opera House မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး New York၊ Boston၊ San Francisco နဲ့ Los Angeles အပါအဝင် အမေရိကန်နိုင်ငံရဲ့မြိုကြီး (6) မြို့မှာ ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ DRDRamc ကဆိုပါတယ်။ Hyukoh အဖွဲ့ဟာ ဖျော်ဖြေရေးခရီးစဉ်ကို စက်တင်ဘာလ (23) ရက်နေ့၊ Vancouver မှာ အဆုံးသတ်သွားမှာဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ California ရဲ့ Arcadia မှာကျင်းပမယ့် Albatross Music Festival နဲ့ the Modern Sky Festival 2017 တို့မှာလည်း ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး full-length အယ်လ်ဘမ် “23” ကို ဧပြီလမှာ စတင်ထုတ်ဝေခဲ့တဲ့အဖွဲ့အနေနဲ့ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတွေမှာ ပြီးခဲ့တဲ့သုံးလအတွင်း ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။

(2014) ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တဲ့ တောင်ကိုရီုးုယားရဲ့တေးသံရှင်လေးဦးပါတဲ့ရော့ခ်အဖွဲ့မှာ ခေါင်းဆောင် အဆိုတော်နဲ့သီချင်းရေးစပ်သူ Oh Hyuk၊ ဘေ့စ်ဂစ်တာတီးခတ်သူ Im Dong-gun၊ ဂစ်တာသမား Lim Hyun-jae နဲ့ ဒရမ်သမား Lee In-woo တို့ပါဝင်ပြီး (2015) ခုနှစ် နွေရာသီမှာပဲ MBC TV ရဲ့ နာမည်ကျော် “Infinite Challenge” မှာ ပါဝင်လာပြီးနောက်မှာ လူသိများလာတာဖြစ်ပါတယ်။

DRDRamc ကနေထုတ်ပြန်တဲ့ တောင်ကိုရီးယားရော့ခ်အဖွဲ့ Hyukoh အဖွဲ့ဝင်တွေရဲ့ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.