Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

iTunes chart (33) ခုမှာ သရဖူဆောင်းနေတဲ့ EXO ရဲ့ပြန်လည်ထုပ်ပိုးထားတဲ့ “The War” အယ်လ်ဘမ်

Fri, Sep 15 2017

SEOUL၊ စက်တင်ဘာလ (6) ရက် (Yonhap) – အမျိုးသားအဆိုတော်အဖွဲ့ EXO ရဲ့ ရေပန်းစားကျော်ကြားတဲ့ အယ်လ်ဘမ် “The War” ကိုပြန်လည်ထုပ်ပိုးထားတဲ့အမျိုးအစားဟာ နိုင်ငံပေါင်း (30) ကျော်ရဲ့ Apple iTunes album chart တွေမှာ သရဖူဆောင်းနေတယ်လို့ စက်တင်ဘာလ (6) ရက်နေ့မှာ အဆိုပါအဖွဲ့ရဲ့အေဂျင်စီရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

စက်တင်ဘာလ (5) ရက်နေ့မှာထွက်ရှိခဲ့တဲ့ EXO ရဲ့ "The War: The Power of Music" ဟာ စက်တင်ဘာလ (6) ရက်နေ့မှာ စပိန်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ရုရှား၊ ဟောင်ကောင်တို့အပြင် ဖင်လန်၊ ဒိန်းမတ်၊ ပိုလန်၊ မက္ကဆီကိုနဲ့ မလေးရှားတို့အပါအဝင် iTunes album chart (33) ခုရဲ့ နံပါတ် (1) နေရာကို ရောက်ရှိခဲ့တယ်လို့ S.M. Entertainment ကပြောကြားခဲ့ပါတယ်။

အဆိုပါအယ်လ်ဘမ်ဟာ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ iTunes chart တွေမှာလည်း ထိပ်တန်း (10) ခွေစာရင်းဝင်ခဲ့ပါတယ်။

အဆိုပါပြန်လည်ထုပ်ပိုးထားတဲ့အယ်လ်ဘမ်မှာ ဂျူလိုင်လတုန်းကထွက်ရှိခဲ့တဲ့ “The War” ကမူရင်းသီချင်း ကိုးပုဒ်နဲ့အတူ သီချင်းသစ်တွေဖြစ်တဲ့ "Power"၊ "Sweet Lies" နဲ့ "Boomerang"တို့ပါဝင်ပါတယ်။ “The War” ဟာ ထွက်ရှိချိန်ကနေ တစ်လမပြည့်မီအချိန်အတွင်း ကော်ပီအချပ်ရေ (1) သန်းကျော် ရောင်းချခဲ့ရပြီး အဆိုပါအဖွဲ့ရဲ့ “အချပ်ရေသန်းချီရောင်းချရတဲ့” စတုတ္ထမြောက်အခွေဖြစ်လာပါတယ်။

EXO ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ခေါင်းစီးသီချင်း “Power” အတွက်တေးသီချင်းဗီဒီယိုမှာတော့ EXO အဖွဲ့ဝင်တွေက "Power Planet" လို့ခေါ်တဲ့ စိတ်ကူးယဉ်ဘုံမှာ ဗီလိန်တွေကိုတိုက်ခိုက်နေကြတဲ့ ကာတွန်း စာအုပ်စတိုင် လူစွမ်းကောင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ "Roaring Currents" နဲ့ "Northern Limit Line" တို့လို ဝက်ဝက်ကွဲအောင်မြင်တဲ့ဇာတ်ကားတွေအတွက် အမြင်ပိုင်းဆိုင်ရာပြုလုပ်ချက် တွေကို တာဝန်ယူဆောင်ရွက်ပေးတဲ့ ပြည်တွင်း VFX စတူရီယို Macrograph က အဆိုပါဗီဒီယိုအတွက် အမြင်ပိုင်းဆိုင်ရာပြုလုပ်ချက်တွေကို ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ကြောင်းကိုလည်း S.M. ကပြောကြားခဲ့ပါတယ်။

S.M Entertainment ကနေထုတ်ပြန်တဲ့ အယ်လ်ဘမ်အသစ် "The War: The Power of Music” အတွက် ကြော်ငြာပုံထဲမှာ ကိုယ်ဟန်ပြနေကြတဲ့ အမျိုးသားအဆိုတော်အဖွဲ့ EXO (Yonhap)

odissy@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။