contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

YouTube မှာ ကြည့်ရှုသူပေါင်း သန်း (200) နဲ့ ထပ်ဆုံးရောက်နေတဲ့ BTS ရဲ့ ‘Fire’ တေးသီချင်းဗီဒီယို

Fri, Sep 15 2017

SEOUL၊ စက်တင်ဘာလ (13) ရက် (Yonhap) – K-pop တေးဂီတအဖွဲ့ BTS ရဲ့ တေးသီချင်းဗီဒီယိုဖြစ်တဲ့ ‘Fire’ ဟာ YouTube မှာ ကြည့်ရှုသူပေါင်း သန်း (200) ကျော်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းရဲ့အေဂျင်စီကနေ စက်တင်ဘာလ (13) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

(2016) ခုနှစ်၊ မေလ (1) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ဗီဒီယိုဟာ မနက် (1) နာရီခန့်မှာ အဆိုပါစံချိန်တင်နိုင်ခဲ့တာဖြစ် ပြီး မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ငါးပုဒ်မြောက်ဗီဒီယိုဖြစ်လာခဲ့တယ်လို့ Big Hit Entertainment ထံကနေ သိရှိရပါတယ်။

“Fire” ဟာ ၎င်းတို့ရဲ့ “Epilogue: Young Forever” အယ်လ်ဘမ်က ခေါင်းစီးသီချင်းဖြစ်ပါတယ်။ အဆိုပါ သီချင်းဟာ YouTube ရဲ့ (2016) ခုနှစ်အတွင်း ကမ္ဘာပေါ်မှာကြည့်ရှုမှုအများဆုံး K-pop တေးသီချင်းဗီဒီယို စာရင်းရဲ့ နံပါတ် (3) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

BTS အနေနဲ့ လာမယ့် စက်တင်ဘာလ (18) ရက်နေ့မှာ “Love Yourself: Her” လို့အမည်ပေးထားတဲ့ အယ်လ်ဘမ်အသစ်ထွက်ရှိမှာဖြစ်ပါတယ်။ အဆိုပါအယ်လ်ဘမ်ဟာ (2018) ခုနှစ်အထိ အတွဲလိုက်ထွက်ရှိ လာမယ့် “Love Yourself” စီးရီးအသစ်ထဲက ပထမဦးဆုံးအယ်လ်ဘမ်ဖြစ်ပါတယ်။

YouTube ပေါ်က BTS ရဲ့ “Fire” တေးသီချင်းဗီဒီယိုရဲ့ screenshot (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။