Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ညှို့ဓာတ်ပြင်းတဲ့ အကတွေမပါတဲ့ ‘Eternity’ ဆိုတဲ့ အယ်လ်ဘမ်ထုတ်မယ့် မိန်းကလေးအဖွဲ့ April

Fri, Sep 29 2017

SEOUL၊ စက်တင်ဘာလ (20) ရက် (Yonhap) – မိန်းကလေးအဆိုတော်အဖွဲ့ April ဟာ “Hold My Hand” လို့ အမည်ရတဲ့ လှုပ်လှုပ်ရွရွ၊ အပြစ်ကင်းတဲ့ကကွက်ပုံစံမျိုးနဲ့ သီဆိုထားတဲ့ သီချင်းပါဝင်တဲ့ အဖွဲ့ရဲ့လေးခွေမြောက် EP အယ်လ်ဘမ်နဲ့အတူ အစောပိုင်းတေးဂီတဇယားထဲကို စက်တင်ဘာလ (20) ရက် နေ့က ဝင်ရောက် လာခဲ့ပါတယ်။

“သီချင်းနားထောင်ပြီးချိန်မှာတော့ ဒါကကျွန်မတို့ လိုချင်တဲ့ပုံစံဆိုတာ သိလိုက်ပါတယ်။ ဒီသီချင်းက အခွေရဲ့ အဓိကသီချင်းဖြစ်ရမယ်ဆိုတာလည်း ကျွန်မသိလိုက်ပါတယ်” လို့ ဆိုးလ်မြို့တောင်ပိုင်းမှာရှိတဲ့ Ilji အနုပညာ ခန်းမမှာကျင်းပခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲတစ်ခုတွင် အဖွဲ့ခေါင်းဆောင် Chaekyung က သီချင်းအသစ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

(2017) ခုနှစ်၊ စက်တင်ဘာလ (20) ရက်နေ့က Seoul မြို့တောင်ဘက်မှာရှိတဲ့ Ilji အနုပညာခန်းမမှာ ကျင်းပခဲ့တဲ့မီဒီယာတွေ့ဆုံပွဲအတွင်း စင်ပေါ်မှာဖျော်ဖြေနေတဲ့ K-pop မိန်းကလေးအဖွဲ့ April (Yonhap)

“Hold My Hand” ကတော့ လွန်ခဲ့တဲ့လေးလကထွက်ရှိခဲ့တဲ့ “May Day” နောက်ပိုင်း ထွက်ရှိလာတဲ့ ဂီတအမျိုးအစားသစ်ရဲ့ပထမဆုံးသီချင်းတွေပါဝင်တဲ့ April ရဲ့ပထမဦးဆုံး EP အယ်လ်ဘမ် “Eternity” မှာ ပါဝင်တာဖြစ်ပါတယ်။ အဆိုပါသီချင်းကတော့ ရည်းစားမဖြစ်လိုက်ရတဲ့ အထက်တန်းကျောင်းသူဘဝက ကြိတ်ကြွေခဲ့ရတဲ့သူအကြောင်းကို သီဆိုထားတာဖြစ်ပြီး ပြိုင်ဘက်အဖွဲ့ GFriend ရဲ့ သီချင်းတော်တော်များများနဲ့ ဆင်တူရိုးမှားဖြစ်တဲ့ ခပ်ပြင်းပြင်းသံစဉ်တွေနဲ့အတူ EDM ခပ်ကြမ်းကြမ်းတီးခတ်ထားမှုတွေပါဝင်ပါတယ်။

“မိန်းကလေးငယ်ငယ်လေးတွေဆိုတဲ့ ပုံရိပ်မျိုးပေါ်အောင် ကျွန်မတို့ကြိုးစားထားပါတယ်၊ ဒါပေမယ့် April ရဲ့ နည်းနည်းပိုပြီးရင့်ကျက်တဲ့ပုံစံကိုလည်း အသားပေးထားပါတယ်၊” လို့ သီချင်းရေးရာမှာပါဝင်ခဲ့ပြီး သီချင်းတွေ ထုတ်လုပ်ပေးတဲ့ V.O.S ရဲ့ Choi Hyun-joon ကဆိုပါတယ်။ တစ်ချိန်တုန်းက April အတွက် သီချင်းတွေရေးပေးပြီး အလုပ်အတူတူလုပ်ခဲ့တဲ့ Choi ဟာ မကြားသေးမီကမှ အဖွဲ့ရဲ့အေဂျင်စီ DSP မီဒီယာမှာ ရုံးတွင်းသီချင်းရေးစပ်သူ-ပရိုဂျူဆာအဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။

သီချင်းက လွယ်လွယ်ကူကူနဲ့ သတိမပြုနိုင်ပေမယ့်၊ အခြားမိန်းကလေး idol အဖွဲ့တွေလိုမျိုး သိသာမြင်သာတဲ့ ညှို့ဓာတ်ပြင်းကကွက်တွေမပါဘဲ မသိမသာကွဲပြားတဲ့ပုံစံနဲ့ အဖွဲ့ရဲ့ရင့်ကျက်တဲ့အသွင်ကို ဖော်ပြဖို့ကြိုးစားထား ပါတယ်လို့ အဖွဲ့ဝင်တွေကဆိုပါတယ်။

“ကျောင်းသူလေးတွေလိုမျိုးပုံစံကနေ ကွဲထွက်ချင်ခဲ့ကြတယ်လေ။ ဒါပေမယ့် အဖွဲ့အနေနဲ့တော့ ကြီးကြီးမားမား ပြောင်းလဲနိုင်ခဲ့တာမျိုးမရှိပါဘူး။ အဖွဲ့ရဲ့ရင့်ကျက်မှုနဲ့ တိုးတက်လာမှုကို ပိုပြီးတော့ပါးနပ်တဲ့နည်းလမ်းနဲ့ အသားပေးဖော်ပြဖို့ကြိုးစားခဲ့ပါတယ်၊” လို့ Choi က ဆိုပါတယ်။

အဖွဲ့ရဲ့စိတ်ဓာတ်မြင့်မားပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင်တော့ chart ပြိုင်ဆိုင်မှုတွေမှာတော့ အဖွဲ့အနေနဲ့က လေထန်ရေဆန်မှာ တိုက်ပွဲအပြင်းအထန် ရင်ဆိုင်နေသလိုမျိုးဖြစ်နေပါတယ်။ IU နဲ့ Heize တို့လိုမျိုး ခြေလှမ်းကျဲကျဲနဲ့ အခွေတွေထုတ်နေတဲ့ တစ်ကိုယ်တော်အမျိုးသမီးအဆိုတော်တွေနဲ့ EXO နဲ့ BTS တို့လိုမျိုး အမျိုးသားအဖွဲ့တွေကပဲ လက်ရှိဈေးကွက်ကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အများပိုင်ရုပ်သံထုတ်လွှင့်မှုကုမ္ပဏီနှစ်ခုဟာ လက်ရှိအချိန်မှာ ဆန္ဒပြခံနေရတာကြောင့် TV ထုတ်လွှင့်မှုအခွင့်အလမ်းတွေက သိသိသာသာပဲ ကျဆင်းလာပါတယ်။

“May Day” ထွက်ရှိပြီးကတည်းက လေးလကြာအောင် ကျွန်မတို့ကြိုးကြိုးစားစားနဲ့ ပြင်ဆင်ထားတာပါ၊ အဲဒါကြောင့် လက်ရှိဖြစ်နေတဲ့အခြေအနေမှာပေါ်မှာ အဆင်ပြေအောင်လုပ်ပြီး ကျွန်မတို့အကောင်းဆုံး ကြိုးစား သွားမှာပါ။

“ဇယားမှာလည်း မိန်းကလေးအဖွဲ့တွေ အများကြီးမရှိတာကြောင့် တိုးတက်အောင်လုပ်ဆောင်ဖို့ အခွင့်အရေး ကောင်းလို့ ကျွန်မထင်ပါတယ်” လို့ Chaekyung က ကြားဖြတ်ပြောကြားသွားပါတယ်။

အဖွဲ့ရဲ့ရေရှည်မျှော်မှန်းထားတဲ့ရည်ရွယ်ချက်ကဘာလဲလို့ မေးမြန်းတဲ့အခါမှာ နားဆင်သူတွေကို စိတ်ပိုင်း ဆိုင်ရာ ကုစားပေးနိုင်တဲ့သီချင်းတွေ ထုတ်လုပ်သွားဖို့ဖြစ်ကြောင်း April က ဆိုပါတယ်။

“အလားတူသီချင်းတွေကို ကျွန်မတို့ မကြာခင်ဖန်တီးသွားမှာပါ။ ကျွန်မတို့ရဲ့ပန်းတိုင်က ‘ကုစားပေးတဲ့ idol’ အဖွဲ့ဖြစ်လာဖို့ပါ။ ကျွန်မတို့သီချင်းနားထောင်တဲ့အခါ စိတ်ခံစားမှုတွေကို ကုစားပေးတယ်ဆိုတဲ့အသံမျိုးကို ပရိသတ်တွေထံကနေ ကြားချင်ပါတယ်” လို့ Yena က ဆိုပါတယ်။

(2017) ခုနှစ်၊ စက်တင်ဘာလ (20) ရက်နေ့က Seoul မြို့တောင်ဘက်မှာရှိတဲ့ Ilji အနုပညာခန်းမမှာ ကျင်းပခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲအတွင်း ဓာတ်ပုံအရိုက်ခံနေတဲ့ K-pop မိန်းကလေးအဖွဲ့ April ရဲ့ Chaekyung (Yonhap)

odissy@yna.co.kr

Provided by Yonhap News.