Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

နိုဝင်ဘာလမှာ တစ်ကျော့ပြန်ဖျော်ဖြေတင်ဆက်ဖို့ အတည်ပြုလိုက်တဲ့ အမျိုးသားတေးဂီတအဖွဲ့ Super Junior - အေဂျင်စီ

Mon, Oct 02 2017

SEOUL၊ စက်တင်ဘာလ (27) ရက် (Yonhap) – ဂန္ဒဝင် K-pop တေးဂီတအဖွဲ့ Super Junior ဟာ နှစ်နှစ် အတွင်း ၎င်းတို့ရဲ့ပထမဆုံးအယ်လ်ဘမ်ကို နိုဝင်ဘာလမှာဖြန့်ချိရင်း တစ်ကျော့ပြန်ထွက်ပေါ်လာမှာဖြစ်တယ်လို့ ၎င်းရဲ့အေဂျင်စီက စက်တင်ဘာလ (27) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင် (11) ဦးအနက် ခုနစ်ဦးဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မှာဖြစ်တာကြောင့် Super Junior တေးဂီတ အဖွဲ့အဖြစ် နိုဝင်ဘာလ (6) ရက်နေ့မှာထွက်ရှိလာမယ့် အယ်လ်ဘမ်အတွက် အရောင်းမြှင့်တင်ရေးလုပ်ဆောင် သွားမှာဖြစ်တယ်လို့ S.M. Entertainment ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ Label SJ ထံကနေ သိရှိရပါတယ်။ အယ်လ်ဘမ် ခေါင်းစဉ်နဲ့ ပါဝင်မယ့်သီချင်းတွေအကြောင်းအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

Kangin ဟာ ပြီးခဲ့တဲ့နှစ်က ၎င်းရဲ့ DUI စွဲချက်ကြောင့် ကြားထဲမှာ ချန်လှပ်ထားခြင်းခံခဲ့ရသလို Sungmin ဟာ လည်း ပရိသတ်တွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံခြင်းမရှိတာကြောင့် အဖွဲ့ကနေကျန်နေခဲ့ပါတယ်။ Ryeowook နဲ့ Kyuhyun တို့ကတော့ လက်ရှိမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတာကြောင့် ကျန်နေခဲ့တာပါ။

(2005) ခုနှစ်မှာပွဲဦးထွက်လာခဲ့တဲ့ Super Junior ဟာ (2009) ခုနှစ်က ၎င်းတို့ရဲ့အရောင်းရဆုံး single “Sorry Sorry” နဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့တာပါ။ အဖွဲ့အနေနဲ့ အရှိန်အဝါကြီးမားတဲ့ Golden Disk Awards ရဲ့ grand prize ဆုသုံးဆုအပါအဝင် တေးဂီတဆုပေါင်း (16) ဆုကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

S.M. Entertainment ကနေထုတ်ပြန်တဲ့ Super Junior ရဲ့နိုဝင်ဘာလတစ်ကျော့ပြန်ဖျော်ဖြေတင်ဆက်မှု အတွက် မိုဘိုင်းလ်ကြော်ငြာဝက်ဘ်ဆိုက် screenshot (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။