contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အွန်လိုင်းပေါ်မှာနိုင့်ထက်စီးနင်းပြုခြင်းကို တရားဥပဒေအရအရေးယူဆောင်ရွက်မယ့် Wanna One ရဲ့အေဂျင်စီ

Wed, Oct 04 2017

SEOUL၊ စက်တင်ဘာလ (28) ရက် (Yonhap) – K-pop Entertainment အေဂျင်စီ C9 ဟာ ၎င်းတို့ရဲ့ နာမည်ကျော် idol အဖွဲ့ Wanna One အဖွဲ့ဝင် လူငယ်ပေါပ့်စတား Bae Jin-young ကိုရည်ရွယ်ပြီး အွန်လိုင်းမှာ ဆိုးရွားတဲ့လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုတဲ့မှတ်ချက်တွေရေးသားမှုအပေါ် ဥပဒေအရအရေးယူသွားမှာ ဖြစ်ကြောင်း စက်တင်ဘာလ (28) ရက်နေ့က ပြောကြားခဲ့ပါတယ်။

“Bae Jin-young ကိုရည်ရွယ်ပြီးတော့ အငြိုးထားတဲ့ကောလဟာလတွေ၊ သူ့ရဲ့ပင်ကိုယ်စရိုက်အပေါ် တိုက်ခိုက် ပြောဆိုတဲ့မှတ်ချက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုတဲ့ပိုစ့်တွေကို အွန်လိုင်းအသိုင်းအဝိုင်းအများအပြား မှာပြုလုပ်နေကြတယ်လို့ ကျွန်တော်တို့အတည်ပြုခဲ့ပါတယ်” လို့ C9 က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဥပဒေအကြံပေးရှာဖွေကာ အင်တာနက်မှာ မှားယွင်းတဲ့ကောလဟာလတွေကို ဖြန့်နေသည့်သူတွေအပေါ် စွဲချက်တင်သွားဖို့ဆုံးဖြတ်ခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

၎င်းတို့ရဲ့ငွေကြယ်ပွင့်တွေနဲ့ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့မှတ်ချက်တွေရေးသားတဲ့လူတွေနဲ့ပတ်သက်ပြီး လုံးဝသည်းခံမှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

အသက် (17) နှစ်အရွယ် Bae ဟာ တေးဂီတလိုင်း Mnet ကနေ ဧပြီမှဇွန်အထိထုတ်လွှင့်ခဲ့တဲ့ လူရွေးပွဲ အစီအစဉ်ဖြစ်တဲ့ “Produce 101 Season 2” ရဲ့အနိုင်ရသူတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် (11) ဦးပါအဖွဲ့နဲ့ သြဂုတ်လက ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ Bae ဟာ ရှိုးမှာ (10) ကြိမ်မြောက်ပြီးဆုံးခဲ့ခြင်းဖြင့် ဖိုင်နယ်ရွေးချယ်မှု ကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Wanna One အဖွဲ့ဝင် Bae Jin-young ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။