Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(Movie Review) ‘Man of Will’ – တစ်မျိုးသားလုံးရဲ့သူရဲကောင်းကို မီးမောင်းထိုးပြလိုက်တဲ့ Kim Koo ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား

Wed, Oct 04 2017

SEOUL၊ စက်တင်ဘာလ (29) ရက် (Yonhap) – ကိုရီးယားနိုင်ငံရဲ့ အလေးစားခံရဆုံးမျိုးချစ်သူရဲကောင်းတွေ ထဲက တစ်ဦးဖြစ်တဲ့ Kim Koo အကြောင်းကတော့ ရုပ်ရှင်ဇာတ်ကားနှစ်ကားမှာ အနည်းအကျဉ်းပါဝင်ဖူးပေမယ့် အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ဖူးခြင်းမရှိသေးပါဘူး။

အဲ့ဒါကလည်း ထင်ရှားတဲ့ကိုရီးယားလူမျိုး၊ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူအဖြစ်နဲ့ရော (1940) ကျော်ခုနှစ် အထိ ရှန်ဟိုင်းမှာပြည်နှင်ဒဏ်ခံထားရတဲ့ ယာယီအစိုးရအဖြစ်နဲ့ပါ စီးပွားဖြစ်ရုပ်ရှင်ရိုက်ကူးဖို့အတွက်ကတော့ အရမ်းလွန်ပါတယ်။ ကိုရီးယားနိုင်ငံက (1910) ခုနှစ်ကနေ (1945) ခုနှစ် အထိ ဂျပန်နိုင်ငံရဲ့ကိုလိုနီဖြစ်ခဲ့ပြီး သူကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ဖခင် ခေါင်းဆောင်ကြီး Rhee Syng-man ရဲ့ခေတ်ပြိုင်အဖြစ် ဖော်ပြခံရလေ့ ရှိပါတယ်။

ဘယ်လိုပဲပြောပြော၊ Lee Won-tae ရေးသားပြီး ရိုက်ကူးထားတဲ့ အောက်မေ့တသဖွယ် Kim ရဲ့ရုပ်ရှင်ကတော့ စိတ်ဝင်စားဖို့ကောင်းမှာ သေချာပါတယ်။

Cho Jin-woong မှ အံ့အားသင့်ဖွယ် သရုပ်ဆောင်ထားတဲ့ “Man of Will” ကတော့ အနိုင်မခံအရှုံးမပေးတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် မဖော်ပြထားဘဲ၊ မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ တစ်ကိုယ်ကောင်းဆန် ပြီး ကြံ့ခိုင်သန်မာကာ စိတ်အနှောင့်အယှက်ပေးတတ်တဲ့ လူငယ်တစ်ဦးအဖြစ် ဖော်ပြထားပါတယ်။

နာမည်အရင်းမှာ Kim Chang-soo ဖြစ်တဲ့ Kim ရဲ့တကယ့်ဘဝသရုပ်ကို အခြေခံထားပြီး၊ အဆိုပါရုပ်ရှင် ကတော့ (1896) ခုနှစ်က သူနေထိုင်တဲ့ Hwanghae စီရင်စုထဲက Haeju မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင် မှာဂျပန်လူမျိုးတစ်ဦးနဲ့ Kim ထိုးသတ်နေတဲ့ ဇာတ်ဝင်ခန်းနဲ့ စတင်ထားပါတယ်။ Chang-soo ကတော့ ကိုရီးယား ဧကရာဇ်ဘုရင်မ Myeongseong ကိုလုပ်ကြံသတ်ဖြတ်သူလို့ သူယုံကြည်ထားသူကို သတ်လိုက်တဲ့အမှုနဲ့ နောက်ပိုင်းမှာ အကျဉ်းချခံရပြီး သေမိန့်ချမှတ်ခံခဲ့ရပါတယ်။ သမိုင်းပညာရှင်တွေကတော့ သူသတ်လိုက်တဲ့လူက တကယ့်လုပ်ကြံတဲ့တရားခံမဟုတ်ဘဲ သာမန်အပြစ်မရှိတဲ့ကုန်သည်တစ်ဦးသာဖြစ်တယ်လို့ ဆိုပါတယ်။

Kiwi Co. ကပေးပို့ထားတဲ့ “Man of Will” ရဲ့ဇာတ်ဝင်ခန်း (Yonhap)

Incheon အကျဉ်းထောင်ထဲမှာတော့ Chang-soo က တခြားထောင်သားတွေနဲ့လဲမရော၊ ထောင်ကကျွေးတဲ့ အစာရေဆာတွေလည်းမစားဘဲ သူကရာဇဝတ်သားမဟုတ်ဘဲ ဧကရာဇ်အတွက်လက်စားချေသူသာဖြစ်တယ် လို့သာ ဆက်တိုက်ပြောဆိုနေခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့နဲ့အတူထောင်ထဲရောက်နေတဲ့ တစ်နိုင်ငံတည်းသားတွေ၊ အများအားဖြင့်စာမတတ်တဲ့ နိမ့်ပါးတဲ့သူတွေက တရားရုံးမှာစစ်ဆေးတာမခံရဘဲ တိုက်ရိုက်အကျဉ်းချခံရတာကို သူကိုယ်တိုင်မြင်တွေ့ပြီးနောက်မှာတော့ တိုင်းပြည်အတွက် သူဘာလုပ်သင့်လဲ ဆိုတာ သိလာခဲ့ပါတယ်။

မှားယွင်းစွာ ပြစ်ဒဏ်ချမှတ်ထားခံရတဲ့ အကျဉ်းသားတွေကိုယ်စား အသနားခံစာရေးပေးတာတွေနဲ့ သူတို့တွေကို ကိုရီးယားနဲ့ တရုတ်စာတွေသင်ပေးတာတွေလုပ်ပေးပြီး၊ အကျဉ်းသားတွေရဲ့ “ခေါင်းဆောင်” ဖြစ်လာခဲ့ပါတယ်။ ကံကြမ္မာဆိုးတွေခံစားနေရတာကို အောင့်အီးသည်းခံပြီးနေနေကြတဲ့ Ma Sang-gu (Jeong Man-sik) နဲ့ တခြားအကျဉ်းသားတွေက သူတို့သာ အမှန်တကယ်လုပ်ချင်တယ်ဆိုရင် သူတို့ပြောင်းလဲနိုင်တယ်ဆိုတဲ့ အတွေးအမြင်မျိုး တဖြည်းဖြည်းရလာခဲ့ကြပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက Donghak တောင်သူလယ်သမားအရေးလှုပ်ရှားမှုကို ဦးဆောင်မှုအတွက် အကျဉ်းချထားခံရတဲ့ ပညာတတ်လူယဉ်ကျေးတစ်ဦးဖြစ်ပြီး သေမိန့်ချထားခံရတဲ့ အကျဉ်းသားတစ်ဦးဖြစ်တဲ့ Mr. Go (Jeong Jin-young) ရဲ့လွှမ်းမိုးမှုနဲ့အတူ သူ့ရဲ့စိတ်နေစိတ်ထား တဖြည်းဖြည်းပြောင်းလဲလာပြီး သူ့ရဲ့ နောက်လိုက်အကျဉ်းသားတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်လာတဲ့ Chang-soo အဖြစ် ဖော်ကြူးထား ပါတယ်။ လူတိုင်းကတန်းတူညီမျှဖြစ်ပြီး လေးစားခံရထိုက်ပါတယ်လို့ သူကသင်ပေးပါတယ်။

Kiwi Co. ကပေးပို့ထားတဲ့ “Man of Will” ရဲ့ဇာတ်ဝင်ခန်း (Yonhap)

အတ္ထုပ္ပတ္တိရုပ်ရှင်ကားမှာတော့ ဇာတ်လမ်းကိုပိုပြီး ရသမြောက်စေဖို့အတွက် ထောင်အစောင့်နဲ့ Kim ရဲ့ နောက်လိုက်ထောင်သားတွေအပြင် ကွဲပြားတဲ့ဇာတ်ကောင်တွေကိုပါ ဟာသဉာဏ်ရှိရှိ ပေါင်းစပ်ဖန်တီးထား ပါတယ်။ Chang-soo နဲ့ Go ရဲ့ခင်မင်ရင်းနှီးမှုက သူရဲ့လူငယ်ဘဝရဲ့ အရေးပါတဲ့အလှည့်အပြောင်းတစ်ခုလို့ ယူဆရပေမယ့်လည်း အဆိုပါခင်မင်မှုကိုဖော်ပြထားပုံကတော့ အရမ်းသာမန်ကာလျှံကာကျလွန်းပါတယ်။

အာရှတိုက်တစ်ဝှမ်းမှာ “hallyu” လို့လူသိများတဲ့ ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုရဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ထဲက တစ်ဦးဖြစ်တဲ့ Song Seung-heon ကတော့ အကျဉ်းထောင်ဒါရိုက်တာ Kang Hyeong-sik အဖြစ် သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင်မှာတော့ တောက်ပြောင်ပြီး ကြွယ်ဝချမ်းသာတဲ့ အထက်တန်းလွှာဂျပန်လူမျိုးအရာရှိတွေနဲ့ ဂျပန် ဆန့်ကျင်ရေးသမားတွေဖြစ်တဲ့ Kang နဲ့အပေါင်းအပါ အကျဉ်းသားတွေနေနေရတဲ့ စိတ်ဓာတ်ကျဖွယ်ရာ နုံချာဆိုးရွားတဲ့ ရာသီဥတုနဲ့အမှောင်ထုတို့ကို နှိုင်းယှဉ်ပြသထားပါတယ်။

သိသိသာသာကို သြဇာတိက္ကမနဲ့ ပြည့်စုံပြီး နဂိုစိတ်ရင်းကောင်းတဲ့ထောင်မှူးအဖြစ် သရုပ်ဆောင်တဲ့ Song ရဲ့ သရုပ်ဆောင်မှုက သူ့ရဲ့နောက်လိုက် တစ်နိုင်ငံတည်းသားတွေကို ဖိနှိပ်ချုပ်ချယ်ရတဲ့ သူ့အလုပ်ကြောင့် သူ့စိတ်ထဲမှာဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာဝိရောဓိခံစားရချိန်မှာတောင် ပါးပါးနပ်နပ်နဲ့ စိတ်ခံစားမှုမရှိတဲ့ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။

အံ့သြစရာကောင်းတာကတော့ Kim Chang-soo ဘယ်သူလဲဆိုတာမသိတဲ့ ရုပ်ရှင်ကြည့်သူတွေအတွက်တော့ ရုပ်ရှင်ပြီးခါနီးမှပဲ ပြည်နှင်ဒါဏ်ပေးခံရတဲ့ ယာယီကိုရီးယားသမ္မတဖြစ်လာတဲ့ Kim Koo က သူပဲဆိုတာကို သိရမှာဖြစ်ပါတယ်။ သူ့လိုပဲ သာမန်လူတွေလဲ သူရဲကောင်းဖြစ်နိုင်တယ်ဆိုတဲ့ သင်ခန်းစာလေးကို လူငယ်တွေကို မျှဝေပေးဖို့ ရည်ရွယ်ထားတာပါလို့ ဒါရိုက်တာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

“Man of Will” ကိုတော့ အောက်တိုဘာလ (19) ရက်နေ့မှာ ပြသသွားမှာဖြစ်ပါတယ်။

odissy@yna.co.kr

Kiwi Co. ကပေးပို့ထားတဲ့ “Man of Will” ရဲ့ဇာတ်ဝင်ခန်း (Yonhap)

Provided by Yonhap News.