Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စက်တင်ဘာလ (29) ရက်နေ့မှာ လက်ထပ်ပွဲကျင်းပခဲ့တဲ့ Lee Gong-gun နဲ့ Jo Yoon-hee

Fri, Oct 06 2017

SEOUL၊ စက်တင်ဘာလ (29) ရက် (Yonhap) – သရုပ်ဆောင်တွေဖြစ်ကြတဲ့ Lee Gong-gun နဲ့ Jo Yoon-hee တို့ဟာ စက်တင်ဘာလ (29) ရက်နေ့က စုလျားရစ်ပတ်လက်ထပ်ခဲ့ကြတယ်လို့ Lee ရဲ့အေဂျင်စီက ပြော ကြားခဲ့ပါတယ်။

၎င်းတို့စုံတွဲဟာ လက်ထပ်ပွဲအခမ်းအနားကို Seoul မြို့မှာစားသောက်ဆိုင်တစ်ခုမှာကျင်းပခဲ့တာဖြစ်ပြီး ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေသာတက်ရောက်ခဲ့ကြတယ်လို့ FNC Entertainment ကပြောကြားခဲ့ ပါတယ်။

“ကျွန်တော်တို့ ဝမ်းမြောက်ကြောင်းဆုတောင်းစကားများစွာကို လက်ခံရရှိခဲ့ပါတယ်။ လူတိုင်းကို မဖိတ်ကြားနိုင် တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သရုပ်ဆောင်ကောင်းတွေသာမကပဲ ခင်ပွန်းကောင်းနဲ့ ဇနီးကောင်းဖြစ် ဖို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်” လို့ ၎င်းတို့နှစ်ဦးက ထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။

၎င်းတို့နှစ်ဦးဟာ TV စီးရီး “The Gentlemen of Wogyesu Tailor Shop” မှာပါဝင်နေစဉ်အတွင်း တစ်ဦးနဲ့ တစ်ဦး ချစ်ခင်နှစ်သက်တဲ့ခံစားချက်တွေဖြစ်ပေါ်ခဲ့ကြတာပါ။ မေလအတွင်းမှာ ၎င်းတို့နှစ်ဦးအနေနဲ့ စာရွက်ပေါ် မှာလက်ထပ်ပြီးဖြစ်တယ်လို့ကြေညာခဲ့ပြီးတဲ့အခါမှာတော့ Jo မှာ ရင်သွေးလေးရှိလာဖို့မျှော်လင့်နေတယ်လို့ ၎င်း တို့နှစ်ဦးက ပြောကြားခဲ့ပါတယ်။ သူမရဲ့မွေးဖွားမယ့်ရက်ကတော့ မသိရသေးပါဘူး။

KBS 2TV ဒရာမာ “The Gentlemen of Wolgyesu Tailor Shop” အတွက် အရောင်းမြှင့်တင်ရေးပုံမှာ စိတ်ကူးယဉ်ဆန်တဲ့စုံတွဲအဖြစ်မြင်တွေ့ရတဲ့ မင်းသမီး Jo Yoon-hee (ဝဲ) နဲ့ မင်းသား Lee Dong-gun (Yonhap)

jaeyeon.woo@yna.co.kr

Provided by Yonhap News.


Copyright © 2017 MPT. All rights reserved.